လူကြီး

578 46 6
                                    

"လူကြီး "

"အင်း..ပြောလေ ကောင်လေး "

သင်္ချာတွက်နေရင်း ခေါ်မိတော့ သူ့ရှေ့မှာထိုင်နေသည့်
လူကြီးက စာဖတ်နေရင်းပင် မျက်လုံးလှန်ကြည့်၏။
လက်ထဲက ဖတ်လက်စစာအုပ်ကိုလည်းချ
အာရုံတို့အားလည်း သူ့ထံကိုသာ အကုန်ပို့၏။
မျက်တောင်ရှည်တွေအောက်က
မျက်၀န်းပြာတွေကို ဒီထက်ပိုပြီး မစွဲလမ်းမိစေဖို့
သူဘယ်လိုလုပ်ယူရပါ့မလဲ ။

"ဘယ်နား နားမလည်လို့လဲကောင်လေး "

ပြောလာသည့် လူကြီးအသံက သြရှရှ ။ နားထောင်လို့ကောင်းသည် ။ ပုံပြောကောင်းသည့့် လူတစ်ယောက်လို လူကြီး စကားလုံးတိုင်းက ညက်ညောပြီး သူ့ကိုလိုက်နာအောင်စေစားနိုင်စွမ်း၏။

"ကျွန်တော်လူကြီးကိုပြောစရာရှိလို့ "

လက်ထဲက ဘောပင်အား ချကာ မေးထောက်ရင်း သူပြောလိုက်တော့ လူကြီးက "ပြောပါဗျာ "ဟုဆိုသည်။
ပြီးတော့ သူ့အနည်းငယ်ရှုပ်ပွနေသည့်
သူ့ဆံပင်တွေကို
လက်ဖ၀ါးနုနုဖြင့် ခပ်ဖွဖွ ထိကိုင်ကာ သပ်ပေသည်။

ဒါဟာ လူကြီးပြုမူနေကြအရာမို့
အနေခက်တာမျိုး သူမဖြစ် ။
လူကြီးလက်ဖ၀ါးနွေးနွေးနှင့်
ထိတွေ့ခွင့်ရသည့် သူ့ဆံပင်တွေကို
မနာလိုမိရုံမှတစ်ပါး အခြားတော့မရှိ။

ခပ်လေးငုံ့ကာ ငြိမ်ခံတော့
လူကြီးက သဘောကျသလိုပြုံး၏။
အခုချိန် သူ့အလိုအတိုင်းလုပ်ရလျင်ပင်
ချက်ချင်း ဒီလူကြီးကို "သိပ်သဘောကျတာပဲ "ဟုဆိုကာ
  အတင်းသာဖက်နမ်းပစ်လိုက်ချင်ပါသည် ။

"ကျွန်တော် ဆယ်တန်းမှာ All Dရရင်လူကြီးက ဘာပေးမှာလဲ "

သူမေးလိုက်တော့ လူကြီးက
သူ့အားအံသြသလိုကြည့်လာ၏။
သူကတော့ ခပ်တည်တည်ပင်
လူကြီးမျက်၀န်းတွေကိုသာ စိုက်ကြည့်လိုက်သည်။

လူကြီးအံ့သြရင်လည်း အံ့သြစရာပဲ မဟုတ်ပါလား ။
သူဆိုတာ စာတော်ပေမယ့် ဘယ်သောအခါမှ ဘယ်သူ့ကိုမှ ဒီလိုမျိုးတောင်းဆိုတတ်တဲ့လူတစ်ယောက်မဟုတ် ။
ပြီးတော့ သူတောင်းဆိုစရာမရှိလောက်အောင်
သူ့ဘ၀ကြီးက ပြည့်စုံပြီးသားလေ ။ 

"ကောင်လေးသာ All Dထွက်ရင်
ကျွန်တော်မျိုးက လိုချင်တာပေးပါ့မယ်ဗျ"

You've reached the end of published parts.

⏰ Last updated: Mar 24, 2022 ⏰

Add this story to your Library to get notified about new parts!

🌼ONE SHORT🌼Where stories live. Discover now