Unicode ~ အခန်း (၉) အီဂန်

4.6K 616 22
                                    

နောက်တစ်ကြိမ်ထပ်အနှောင့်ယှက်မခံရမီအထိတော့ မယ်လီနဲ့ အီဂန်ဟာ ရက်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့လေတယ်... မယ်လီ အလည်သွားပြီးနောက်မှာတော့ ထရေ့စ် ညီအစ်မဟာ လျှောက်သွားလေရင်း မယ်လီ့ရဲ့ ရဲတင်းလွန်းမှုအပေါ် အတင်းအဖျင်းလွှင့်လေတော့တယ်... အဝေးမှာ ကျောင်းထားတုန်း ယောကျာ်းတွေနဲ့ တရားလွန်ပေါင်းသင်းခြင်းမှအစ သူမ မိခင်နဲ့ မိသားစုကို စွန့်ပစ်ပြီး ကြွယ်ဝမှုနောက်လိုက်သွားခြင်း အထိပါဝင်တဲ့ အတင်းအဖျင်းတွေဟာ တောမီးလို ပျံ့နှံ့သွားလေတော့တယ်... ဒါတွေဟာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အထက်တန်းလွှာတွေ- အထူးသဖြင့် သူများတွေရဲ့ ကောလဟာလတွေကို အတင်းပြောတတ်တဲ့ အမျိုးသမီးတွေရှိနေတာကြောင့် ဒီစကားတွေဟာ အီဂန့်မိသားစုဆီကို ချက်ချင်းရောက်သွားလေတော့တယ်... ဒါအပြင် အီဂန့် ဂုဏ်သရေနဲ့ နာမည်ကျော်ကြားမှုကြောင့်-အထူးသဖြင့် သူ့အမေဟာ ဒီလို ဘာမဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ကို သူ့အနားမှာ ထားဖို့ ခွင့်ပြုမှာ မဟုတ်လေဘူး...

တစ်ဖက်မှာ အီဂန်ဟာတော့ သတင်းအမှားတွေကို လျှင်မြန်စွာဖြေရှင်းလေပြီး မိသားစုကိုတော့ တားဆီးထားလေတယ်... ‌မယ်လီကတော့ နေ့တိုင်း အီဂန့်အလုပ်ကိုသွားပြီး ပျော်ရွှင်နေလေတယ်... ထိုအမျိုးသား အလုပ်မှာမရှိချိန်မှာတော့ သူမဘာသာ ရှော့ပင်ထွက်ရင်ထွက် မထွက်ရင် ကော်ဖီဆိုင်မှာ ကော်ဖီ ကောင်းကောင်းသောက်လေတယ်... မယ်လီ့နောက်မှာ တကောက်ကောက်လိုက်နေတဲ့ အီဂန့် ဘော်ဒီဂတ်တွေရှိနေလေပြီး မယ်လီတစ်ယောက် သူမရဲ့နေ့စဥ်ဘဝကို အေးဆေးစွာ ဖြတ်သန်းနိုင်ဖို့အတွက် တိတ်တဆိတ်သာလျှင်ကာကွယ်ပေးနေကြလေတယ်... သို့သော်ငြား အီဂန်ကိုယ်တိုင်က မယ်လီ့ကို တိတ်တဆိတ်သာ စောင့်ရှောက်နေတယ်လို့ တွေးမိနေချိန်မှာ မယ်လီကတော့ သူမ ပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး သတိထားမိနေလေတယ်... နောက်ကလိုက်ခံရပြီဆိုတာနဲ့ သူမ သတိထားမိလေတယ်... မျက်လုံးတွေ သူမကိုစောင့်ကြည့်လာချိန်ဆိုရင်လည်း သတိထားမိလေတယ်... တစ်စုံတစ်ယောက်က သူမအပေါ် မကောင်းတဲ့ရည်ရွယ်ချက်ရှိနေရင်လည်း သူမ အလွယ်တကူမှတ်မိလေတယ်... အီဂန် မစောင့်ရှောက်ပေးခင်ကတည်းက မယ်လီ့ကိုယ်တွင်းက ဝိဥာဥ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ သီးခြားရပ်တည်နိုင်သူတစ်ယောက် ဖြစ်နှင့်ပြီးပြီ...

၁၀. ဒုတိယဇာတ်လိုက်အားရွေးချယ်ခြင်း ARC-10 (အီဂန်)Where stories live. Discover now