(ဤထဲတွင် ပါဝင်သောလူပုဂ္ဂိုလ်၊ နာမည်၊ ဇာတ်ကောင်စရိုက်၊ နေရာဒေသ၊ အဖြစ်အပျက် စသည်တို့သည် စာရေးသူ၏စိတ်ကူးသက်သက်သာလျှင်ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုသောဆန္ဒမရှိသည့်အတွက် အကယ်၍များ အပြင်လက်တွေ့လောကနှင့် တိုက်ဆိုင်သည်များ ရှိခဲ့လျှင် မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။)
ကျေးငှက်သာရကာတို့၏တကျာကျာ တကျီကျီ အော်မြည်သံကို ကြာမည်ကာမတ္တ စိတ်အာရုံတို့သည် သူတို့ထံ၌မရှိပေ။ ညာဘက်လက်ထဲရှိ ကံ့ကော်တစ်ပွင့်၏ခေါ်ဆောင်ရာ အတိတ်သင်္ခါရများဆီသို့ ပျံ့လွင့်နေခဲ့၏။
နှောင်းသက်ဆယ်ကျော်၌ပွင့်ဖူးလာသောချစ်ပန်းပွင့်သည် သုံးနှစ်ကျော်သာရွှန်းတင့်နိုင်ခဲ့ပြီးနောက် ကြွေလွင့်ခဲ့ရလေသည်။ အချိန်သင်တိုင်းကြောင့် မေ့ပျောက်နိုင်သည်သာမက အမာရွတ်ဆဲလ်သေတို့ ကွာကြ ကုန်ပြီဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းကြုံဆုံလာရသည့်အခါ နှလုံးသားဝယ် ဝေဒနာငွေ့တစ်ချို့ ကျန်ရစ်နေသေးကြောင်း ကောင်းစွာနားလည်လိုက်ပါ၏။
သရက်သီးကင်းလေးများတိုးလိုးတွဲလောင်းကျကာ စိမ်းစိုတောက်ပြောင်သည့်အရွက်ဝေသောသရက်ပင် အောက်တွင် ရပ်နေသည့်မိန်းမပျိုသည် ဘယ်ဘက်လက်ထဲရှိ ရွှေမှုန်ငွေမှုန်ဖိတ်ဖိတ်တောက်သောဖိတ်စာလှလှကို တစ်ချက်မျှသာစိုက်ကြည့်လိုက်ပြီး ခြံဝင်း၏ဘယ်ဘက်ခြမ်းသို့ မမြန်လွန်းမနှေးလွန်း လျှောက်လာခဲ့သည်။
နွေလေတဖြူးဖြူးတိုက်နေခိုက် လမ်းလျှောက်နေသောကြောင့် ခါးသို့မရောက်တရောက်ဆံပင်တို့သည် ပျော့ပျောင်းစွာ ဝဲလွင့်နေကြ၏။ ဖြူဝင်း၍ ကျစ်လျစ်ရှည်သွယ်သောကိုယ် ဝယ် ဝတ်ဆင်ထားသည့် ဝါဖျော့ဖျော့ လက်တိုဂါဝန်ရှည်သည် တဖြည်းဖြည်းနှင့် ပူလာပြီဖြစ်သောရာသီနှင့် ပနံသင့်နေပေသည်။
မိန်းမပျိုသည် ရွက်နုစိမ်းဖားဖားဝေသည့်စွယ်တော်ပင်အောက်ရှိသံတိုင်ခုံအဖြူပေါ်တွင် ညင်သာစွာ ဝင်ထိုင်လိုက်သည်။ ဘယ်ခြေထောက်ပေါ် ညာခြေထောက်ချိတ်၍ထိုင်ပြီးနောက် လက်ရှိဖိတ်စာကို မျက်လွှာစင်းကာ ကြည့်နေ၏။
ESTÁS LEYENDO
RomanceBoth Unicode and Zawgyi are available. "ကံ့ကော်မြိုင်ဆိုတဲ့နာမည်နဲ့အစ်မက ကံ့ကော်ပွင့်ကို ဘယ်လိုအနက်ဖွင့်သလဲ" #Credits to Pinterest and Original Artist for Cover Photo. Both Unicode and Zawgyi are available. "ကံ့ကော်မြိုင်ဆိုတဲ့နာမည်နဲ့အစ်မက ကံ့ကော်...