Part - 1 ( TDOL)(unicode)

1.1K 40 2
                                    

" ဟော .. မောင်တောင်ပြန်လာပြီ "

အမရာသျှင် တစ်ယောက် ပါးစပ်ကလည်းပြော၍ အိမ်ပေါက်ဝဆီပြေးသွားလိုက်သည် သူအပေါ်ထပ်က ဝရံတာမှာတည်းက မောင့်ကားဝင်လာတာကိုတွေ့တာပါ အင်း ... 8နာရီခွဲဆိုတော့ မောင်ပြန်လာတာ နောက်ကျပြန်တာပဲ
အမရာသျှင် အမြန်ပင် မောင့်လက်ထဲက အိတ်ကိုယူပြီး မောင့်လက်မောင်းကိုချိတ်လိုက်သည်

" မောင် ရေအရင်ချိုးလိုက်နော် အမရာ ထမင်းပွဲပြင်ထားလိုက်မယ် "

" အင်း "

မောင်ဟာ အင်း တစ်လုံးတည်းသာပြော၍ သူ့အိတ်ပြန်ယူကာ မျက်နှာတည်နဲ့အပေါ်တက်သွားသည် ။ ရှန်ခတံ့တည် ဆိုတဲ့မောင်က အဲ့လို အရယ်အပြုံးနည်းတဲ့လူသားတစ်ယောက် ‌အမရာနဲ့မောင့်ရဲ့ အိမ်‌ေထာင်သက် ၇နှစ်ပြည့်တဲ့ထိ မောင်ရယ်တဲ့ပုံကို တွေ့ရတာ ခပ်ရှားရှားရယ်ပါ မောင်က တကယ်တော့ တစ်သီးတစ်သန့်ထဲ နေတတ်သည့် စိတ်ရောဂါသည်တစ်ယောက် ဒါကို အမရာသိတာ လွန်ခဲ့တဲ့ ၃လလောက်ကမှ မောင့်သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် နေမြတ်သူ ပြောပြလို့ သိလိုက်ရတာ အဟင်း ! ကုဖို့မကြိုးစားဘူးလား မမေးပါနဲ့ နေမြတ်သူက ဘာမှအထွေးအထူး မပြောသေးတာကြောင့် အမရာငြိမ်နေခြင်းပါ

" မာမီ ! "

ကလေးတွေ ခေါ်လိုက်တဲ့အသံကြောင့် အမရာ့အတွေးတို့ပျက်သွားရသည် စားပွဲပေါ် ထမင်းပန်ကန်တွေချနေရင်း အမရာ ပြန်ထူးလိုက်သည်

" ရှင့် ! မာမီ့ကလေးတွေ ဆင်းလာကြပြီလား "

" ဟုတ်ကဲ့ မာမီ "

ရာရာ နဲ့ ခခ နဲ့က အမွှာမောင်နှမတွေ အခုဆို သူတို့မောင်နှမနှစ်ယောက် ၇နှစ်ကျော် နေလေပြီ
သားကြီး မင်းရာတံ့ နဲ့ သမီးငယ် မြတ်ခတံ့ တို့ က အမွှာတွေသာဆိုပေမဲ့ ရုပ်ချင်းမဆင်လှ

" ကိုကို မီးငယ်ကို ညကျရင် စက်ရုပ်ဂိမ်းဆော့တာသင်ပေးပါလား "

" မသင်ပေးပါဘူး girlတွေက စက်ရုပ်ဂိမ်းတွေမဆော့ရဘူးလေ "

" ရဘူး မီးငယ်ဆော့ချင်တယ် သင်ပေး "

" Barbieဂိမ်း ပဲ‌ဆော့ မီးငယ်ရာ "

" ဟင့်အင်း သင်ပေးပါ မီးငယ် ဆော့ချင်လို့ပါ နော်ကိုကို "

The Deception of Love (TDOL) Ongoing Where stories live. Discover now