Episode 13 💛

293 28 0
                                    


Unicode

အချိန်နှင့် ဒီရေသည် လူကိုမစောင့်တဲ့။

ဒီနေ့က ဂျောင်ဝန်း ၊ ဆောနူ နဲ့ ဂျယ်ယွန်းတို့
ဩစတြေးလျ  သွားရမည့်နေ့ပင်။
အင်ချွန်းလေဆိပ်တွင် နိုင်ငံ့ကိုယ်စားပြုသွားပြိုင်မည့် တခြားအဖွဲ့များဖြင့်လည်း ပြည့်နေသည်။
🧳🧳

" ဂျောင်ဝန်းနား ဟိုရောက်ရင် ဖုန်းဆက်နော် ။ ကျန်းမာရေးလဲ ဂရုစိုက် ပြီးတော့ အပြင်တွေလဲလျှောက်မသွားနဲ့နော် "

" Hyung ကလည်း လျှောက်တော့လည်ရမှာပေါ့။ ဂျယ်ယွန်း hyung တို့မိသားစုအိမ်ကိုလဲ သွားလည်ရဦးမယ်လေ "

" ဟုတ်ပါပြီ ဒါပေမဲ့ အလည်မလွန်စေနဲ့နော် "

" ဟုတ်ပါပြီ hyung ရ  ဟီး "
ဂျုံဆောင်းရဲ့ အားနည်းချက်ဖြစ်သော ပါးချိုင့်နက်နက်လေးတွေထုတ်ပြလိုက်တော့ ပက်ဂျုံဆောင်းတယောက် အရည်ပျော်ရပြန်သည်။
ဒီကလေးကို ဘယ်လိုလုပ်စိတ်ချရမှာလဲ ။ ဆောနူနဲ့ ဂျယ်ယွန်းပါ သွားမှာမလို့ပေါ့။ နို့မို့ဆို ဂျုံဆောင်းလဲ လေယာဉ်လတ်မှတ်ဖြတ်ပြီးလောက်ပြီ ။

မြောင်အတွဲက တစ်တီတူးနေချိန် ဘေးမှာတော့ အတွဲနှစ်တွဲလဲ အလွမ်းသယ်နေကြပြန်သည်။

" ဟွန်း   ကောင်းကောင်းနေခဲ့နော် ။ ကျန်းမာရေးဂရုစိုက်ဦး  "

"  အချစ်လဲ ဟိုမှာဂရုစိုက်နော် ။ ရောက်ရင် ဖုန်းဆက်ဦး "

" အွန်း ။ လာပါဦး ဖက်ထားရအောင် "
ဂျယ်ယွန်းက လှမ်းဖက်သော်လည်း ခြေဖျားထောက်ထားရသည်။ ဒါကို ဆောင်းဟွန်းသိတော့ ဒူးလေးကွေးပေးပြီး ပြန်ဖက်ပေးလိုက်တယ်။ သူ့ခွေးပေါက်လေး ညောင်းမှာစိုးတာကြောင့်ပေါ့။

" နီခီ ငါသွားတော့မယ် ။ မကြာပါဘူး ပြိုင်ပွဲပြီးတာနဲ့ ပြန်လာမှာ ။ လိမ်လိမ်မာမာနေနော် "

" Hyung ကိုလွမ်းနေတော့မှာပဲ ။ ကျွန်တော်လဲ လိုက်ခဲ့မယ်လေ "

" ရားးး ဘာလိုက်လုပ်မှာလဲ  နေခဲ့။ နေ့တိုင်း video call ပြောမှာပဲဟာ "

" ဒါမဲ့.......   "

" တိတ် ပြောစကား‌နားထောင်နော်  hyung ကအများကြီးချစ်တာ သိတယ်မလား "

𝐃𝐢𝐯𝐞 𝐈𝐧𝐭𝐨 𝐘𝐨𝐮Where stories live. Discover now