အခန်း (၄၅)

3.3K 352 11
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၄၅)

TRANSLATOR - SS

--------------------

ရှောင်ကျိုက်တစ်​ေယာက် ရန်ရှီးနဥ္ကိုသယ်ကာ ပေ့သိုအခန်းထဲသို့ခေါ်လာခဲ့သည်။

သတိမေ့နေသောရန်ရှီးနဥ်ကိုမြင်တော့ ပေ့သိုအတော်လန့်သွားမိ၏။

ရှောင်ကျိုက်က ရန်ရှီးနဥ္ကိုကုတင်ပေါ်တင်ကာ ရန်အိမ်တော်တွင်ဖြစ်ခဲ့သမျှ ဖြစ်ကြောင်းကုန်စင်ပြန်ပြောပြလိုက်သည်။

"နန်းတော်ကိုသွားပြီး ဖေ့ကျင်းကိုသွားခေါ်လိုက်"

ရှောင်ကျိုက်လည်းအမြန်ထွက်ကာ လှည်းဆီသို့ပြေးတော့သည်။

ရန်ရှီးနဥ္ဒဏ်ရာရလာသည်ကို မြင်တာနှင့် ဖေ့ကျင်းဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း ပေ့သိုလန့်နေရသည်။

ပေ့သိုလက်ကိုဆေးလိုက်ပြီး ရန်ရှီးနဥ္ဒဏ်ရာကိုသန့်စင်ရန်ပြင်လိုက်သည်။ သို့သော် သူမ၏ ဒဏ်ရာက ရင်ဘတ်မှာမို့ ပြတင်းပေါက်အပြင်ကိုသာ ကျော်ကြည့်လိုက်ရသည်။ ထိုစဥ္အစေခံတစ်ယောက်ကို တွေ့သည်မို့ လှမ်း​ေခါ်လိုက်၏။

"မင်းဒီကိုလာဦး"
ပေ့သိုခေါ်လိုက်သည်။

ထိုမိန်းမစေကို ပေ့သိုရေးတေးတေးမှတ်မိသည်။ သူမကို ဥယျာဥ္ထဲတွင်တစ်ခါတစ်ရံတွေ့ရတတ်သည့် ကောင်မလေး။ သူမက တည်တည်ငြိမ်ငြိမ်ပဲ ဒဏ်ရာရနေသည့်ရန်ရှီးနဥ္ကို ကူညီနိုင်သည်။

"လက်သေချာဆေးပြီးပြီလား"
ပေ့သိုကမေးလိုက်သည်။

"ဟုတ်ကဲ့" ရှောင်တု ကပြန်ဖြေသည်။

"ပထမဆုံး သခင်မကိုးရဲ့ အ၀တ်ကိုချွတ်လိုက်။
ပေ့သိုက ညွှန်ကြားသည်။

"အင်္ကျီက သခင်မရဲ့ရင်ဘတ်မှာ ကပ်နေတယ်"
သူမက ထပ်ပြောသည်။

"ဒါဆို ကတ်ကြေးနဲ့ဖြဲလိုက်"

"ဟုတ်ကဲ့"

"ရေအင်တုံကိုသုံးပြီး ငါပြင်ပေးထားတဲ့အ၀တ်နဲ့ သူမရဲ့ဒဏ်ရာကိုသန့်စင်လိုက်"
ပေ့သိုက ထပ်ပြောလိုက်သည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now