(part 2)

336 5 0
                                    

ကဲ မီဆိုနဲ့ ကိုယ်တော် ၂ယောက် က game ကို ပျော်ပျော်ကြီးကစားတာပေါ့

ဒါပေမဲ့ joonကတော့ မပျော်နိုင်ဘူး ဘာလို့ဆို သူက မီဆို့ထပ် အသက်အများကြီး ကြီးပေမဲ့ ကလေးလေး တစ်ယောက် လိုသိပ်အူတိုတတ်တယ်လေ ပြောချင်တာကတော့ သူ့ရဲ့ ညီနဲ့ မီဆို့ကို အူတိုနေတာပေါ့ကွယ်

အိုက်နှစ်ယောက်က လဲအူတိုစရာပါဘဲ အသက်ကလဲရွယ်တူဆိုတော့ အတော်လေးခင်ကြတယ် 
တခါတလေ gameဆော့နေရင်း joon  လူကြီးပေမဲ့ စိတ်ကောက်ရင်လဲ ကောက်သွားတတ်ပြန်ရော

Miso ကတော့ ရင့်ကျက်ချင်ယောင်ဆောင်ပြီး သူ့ရဲ့ ကလေးကြီးကို ပြန်ပြီး ချွဲရ‌သေးတယ်
(အမလေး အမလေး သူဘဲ ဟုတ်နေတာ )

တခါဆို ရင် misoက Jamesနဲ့ စကားပြောနေရင်း ကိုယ်တော်joonကစာလာပို့တော့ လူမှားပြီး စာပြန်လိုက်တာ joon တစ်ယောက် အူတွေတိုပြီး စိတ်ဆိုးသွားပြန်ရော
စာမှားပြန်တာကလဲ ဒီလိုလေ

မီဆိုက သူ့ကိုသူ ညမလို့ပြောလေ့ရှိတယ်
ဒါပေမဲ့ Jamesနဲ့ကရွယ်တူတွေဆိုတော့ ငါလို့ဘဲပြောတာလေ အဲ့တော့ သူ့ရဲ့ joonကြီးကို ငါတွေနင်တွေနဲ့ပြောလိုက်တာ ဟိုကကြောင်သွားပါလေရော နောက်မှ မီဆို့ရဲ့ ရှပ်ပြာပြာအကျင့်အတိုင်း လူမှားတယ်ပြောလိုက်တော့ ကို ဒေါပွကြီး က စိတ်ဆိုးသွားတာပေါ့ (အူတိုတယ်ပြောရမှာပေါ့လေ )

Joon က ချေပြီး ဘသူ့ကိုမှသိပ်အဖတ်မလုပ်တဲ့ type ပေမဲ့ သူ့ရဲ့ ကလေးမ miso နဲ့ပတ်သက်လာရင်တော့ အမြင်ကပ်ဖို့ကောင်းအောင် အကဲပိုလွန်းတယ်

Misoက တော့သူ့ကိုအမြဲဂရုစိုက်ပေးရှာတယ် phoneထဲနေစကားပြောတာတောင် ဂရုစိုက်ပေးနေကျ

Joon တစ်ယောက်ဆိုသည်မှာလဲ miso စိတ်ပူတတ်တာကို သိပ်သဘောကျတတ်တာ အင်းလေ သူအရင်က လိုလားခဲ့တဲ့ ဂရုစိုက်မှုတွေစိတ်ပူပေးမှုတွေက အခု‌ရနေခဲ့တာကို

တခါတခါဆို မီဆို စိတ်ပိုပူအောင်လဲလျှောက်ပြောတတ်သေးတယ်
ကလေးမ ကစိတ်တွေပူရင် သူက သဘောတွေကျနေပြန်ရော

Phoneထဲကဆက်ဆံရေးပေမဲ့ သူတို့နှစ်ယောက်က သိပ်ကို ရင်းနှီးလွန်းခဲ့တယ်

joon ကတော့ ၅ နှစ်ကျော်လောက်‌ငယ်တဲ့ ချာတိတ်ကလေးစီမှာ နစ်မြောနေမိပြီ

သူ့ရဲ့ ခဏခဏစိတ်တိုပြီး ပြောချင်ရာတွေကို ပြောတတ်တဲ့အကျင့် ကလဲ မီဆိုနဲ့ ဆိုရင်ပျောက်နေရော

တကယ်ဆို မီဆိုလေးက သူပြောလိုက်ရင်စိတ်မကောင်းဖြစ်ပြီး ငိုတတ်တာကိုသိနေလို့ joon ကနောက်ပိုင်း အဲ့လိုအကျင့်တွေကိုရှောင်လာတာပေါ့

ဒီလိုနဲ့ဘဲ သူမတို့ အချင်းချင်း သိတာ ၂ လလောက်ရှိလာပြီ
သံယောဇဉ်တွေကလဲ တိုးလာတာပေါ့

Joon က miso အပေါ်ညီမလေး တစ်ယောက်လို ခင်တာထက် မသိမသာပိုလာခဲ့တယ်

(နောက်ပိုင်းရောက်ရင် ပိုပြီးကောင်းရမာကို တလွဲတေဖြစ်နေတာလားမသိဘူး TwT
ဆက်ပြီး ဖတ်ပေးကြပါလို့ )

You've reached the end of published parts.

⏰ Last updated: Apr 01, 2022 ⏰

Add this story to your Library to get notified about new parts!

Unwanted love Where stories live. Discover now