Part-1(Unicode)

25.8K 614 0
                                    

အပြာရောင်ကောင်းကင်ကြီး ခြံရံ၍ တေးသီငှက်လေးများ တွန့်ကြူးကာ လေညှင်းလေး တိုက်လာတာကြောင့် ယိမ်းနွဲ့လာသော အပင်များနှင့် အတူ ပန်းလေးများရဲ့ မွှေးရနံ့များက လေပြေညှင်းနဲ့ အတူပျံလွင့်လာကာ ပတ်ဝန်းကျင်အား မွှေးရနံ့များ ဖြန့်ကျက်ပေးနေသည် ဤသို့ သာယာလှပသော အပြင်လောက နှင့်ကွဲပြားစွာ အိမ်ကြီးထဲမှာတော့

"ဖေဖေ သမီး အိမ်ထောင်ဖက် သွားမတွေ့နိုင်ဘူး"

"မရဘူး နင်သွားတွေ့ရမယ် နင်အခုတွေ့ရမယ့်လူက ငါတို့အိမ် စီးပွားပျက်မလို ဖြစ်တုန်းက ကူညီပေးခဲ့တဲ့လူရဲ့မြေး သူကျေးဇူးကြောင့်သာ အိမ်ကိုကော လုပ်ငန်းကိုကော မဆုံးရှုံးပဲ နင်တို့ အခုလို လူလိုသူလို နေနေရတာ သူသာမကူညီခဲ့ရင် နင်တို့ အခုချိန် လမ်းဘေးရောက်နေပြီ သိရဲ့လား"

"ဒါပေမယ့်လည်း ဖေဖေရယ် အဲ့ကျေးဇူးကြောင့်နဲ့ တော့ သမီး ကိုယ်မချစ်မနှစ်သက်တဲ့ လူနဲ့ လက်ထပ်ရမှာလား"

"နင့်ကို ဘယ်သူက လက်ထပ်ခိုင်းနေလို့လဲ အရင်သွားတွေ့ကြည့်ခိုင်းတာလေ"

"သမီးမှ အဲ့လူကို မတွေ့ချင်တာ"

"နင်က ဘာလို့မတွေ့ချင်ရတာလဲ နင်တွေ့ရမှာ နယ်နယ်ရရ လူမဟုတ်ဘူး ဒီစီးပွားရေးလောကမှာ အောင်မြင်ကျော်ကြားနေပြီး အချမ်းသာဆုံးလူကိုတွေ့ရမှာနော်"

"ဒါမဲ့ အဲ့လူက ​ရုပ်တည်ကြီးနဲ့ အမြဲတမ်း လူတွေကို အထင်သေးတဲ့ မျက်လုံးနဲ့ပဲ ကြည့်တတ်ပြီး သူ့အတွက်ပဲ သူကြည့်တတ်တဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ လူ တစ်ကိုယ်ကောင်းဆန်တဲ့လူ မဟုတ်ဘူးလား"

"ဟဲ့ စီးပွားရေးလောကအကြောင်း နင်ကဘာသိလို့လဲ အဲ့လိုနေမှ တော်ကာကြမှာပေါ့ လူတိုင်းကို ပြုံးရီပြနေရင် အကုန်လုံး ကိုယ့်ခေါင်းပေါ် ချီးတတ်ပါမယ့် လူတွေကြီးပဲ နင်က အဲ့လိုပြောရအောင် သူ့ကို​မြင်ဖူးလို့လား"

"မြင်တော့ မမြင်ဖူးဘူးပေါ့ ဒါမဲ့လူတွေ ပြောနေတာတွေ ကြားနေရတာပဲကို"

"အဲ့လူတွေက ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်း မကောင်းသတင်းတွေဖြန့်နေတာ အဲ့လိုလူတွေကိုသာ ယုံစားနေလို့ကတော့ ဘာမှတိုးတက်မှာ မဟုတ်ဘူး"

Your Husband Is Mine😈Where stories live. Discover now