part 17

267 50 9
                                    

Zawgyi~

December ၏ညချမ်းတွင်​ ​အ​အေးပိုသည်​။

ထိုညချမ်း၏မီးဖို​ချောင်​အတွင်းတွင်​ SeokJin ဟိုဒီ၊​ပြေးလွှားရင်းအလုပ်​ရှုပ်​​နေသည်​။အိမ်​​ဖော်​မိန်းက​လေးများသည်​လည်း သူတို့၏အိမ်​ရှင်​သခင်​အလုပ်​များ​နေသည်​အား ဝင်​မကူရဲ၍သာငြိမ်​ဝပ်​​နေကြသည်​။

ချစ်​​သောသူသည်​ SeokJin ၏​မွေး​နေ့တွင်​ SeokJin တစ်​ဦးတည်းချက်​​ကျွေး​တာကိုသာစားချင်​ပါသည်​ဟူ၍ အရစ်​တိုက်​လာ​လေသည်​။သိပ်​ချစ်​ဖို့​ကောင်းပါသည်​။"4.12 ksj" ဟူ​သောတက်​တူး​လေးအား လက်​ဖျံတွင်​ထိုးထားလျက်​ရှိသည်​။

SeokJin နီရဲ​နေ​သေး​သောမျက်​လုံးအားဖိပွတ်​ဆွဲလိုက်​ရင်း ရင်​ထဲတွင်​နင့်​နင့်​နဲနဲနှင့်​​ပျော်ရွှင်​သည်​။နှုတ်​ခမ်း​တွေသည်​ပြုံး​ယောင်​သမ်း​နေကြပြီး နဖူးထက်​တွင်​​ချွေးစက်​များရစ်​သီလာကြသည်​။

သူချက်​​ကျွေးတာကိုခါးသီးခဲ့​သော ချစ်​​သောသူ​သည်​အခု​တော့ကိုယ်​တိုင်​ချက်​​ကျွေးရန်​​တောင်းဆိုလာ​လေသည်​။လက်​သူကြွယ်​မှလက်စွပ်​က​လေးကိုငုံ့ကြည့်​မိရင်း လှိုင်းက​လေး​တွေလှုပ်​ခပ်​သလိုတသိမ့်​သိမ့်​နှင့်​ဖြစ်​သည်​။

မီးဖို​ချောင်​ပြတင်းမှတစ်​ဆင့်​ ကျ​နေ​သောနှင်းဖြူဖြူများအားကြည့်​ရင်း SeokJin မျက်​ရည်​​ဝေ့သည်​။ဒီအတိုင်း...ချစ်​​သောသူအနားမှာ​နေချင်​ခဲ့ရုံ​လေးပါ..ချစ်​​သောသူရဲ့အချစ်​အ​နေနဲ့​ပေါ့..။ထာဝရဟူသည်​နက်​နဲသည်​။

သေဆုံးသည့်​တိုင်​​အောင်​​ပေါ့..။

"Kim SeokJin တူး​နေပြီ​ဗျ.."

မတိုးတကျယ်​အသံ​လေးသည်​နား​ထောင်​၍​ကောင်းသည်​။တူးနံ့ကိုမရခင်​အထိ SeokJin မျက်​ရည်​​တွေအားက​ဗျာကယာသုတ်​သည်​။ထို့​နောက်​မှလန့်​ဖြန့်​ပြီး မီးခလုတ်​​တွေကိုလိုက်​ပိတ်​သည်​။

ချစ်​​သောသူ၏ရယ်​​မောသံထွက်​​ပေါ်လာသည်​။ပါးချိုင့်​က​လေးတွင်​ခွက်​လို့​နေသည်​။အိမ်​​ဖော်​မိန်းက​လေးများမှာ​တော့ တူးနံ့​ကြောင့်​​​ချောင်း​တောင်​ဆိုး​နေကြပြီ။SeokJin မှာ​တော့ထိုပါးချိုင့်​​လေးများထံတွင်​ ထပ်​မံနစ်​​မြောသည်​။

When the rain drop in this autumn { NamJin } Completed !!! Where stories live. Discover now