Ep.1

1.4K 119 22
                                    

{Unicode}

မနက် 9:00AM

"Long nights, daydreams~
Sugar and smoke rings, I've been a fool
But strawberries and cigarettes always taste like you
Headlights, on me~~~"

"ဟွန်းးး ဘယ်သူဆက်တာလဲ မနက်‌အစောကြီး"

နေကထွက်ပြီးထယ်ယောင်းဖင်ကိုထိုးတော့မယ် ထယ်ယောင်းအခုထိမထသေးပါ။အိပ်နေတုန်းဖုန်းသံကြားလိုက်ရတာမို့ အိပ်ချင်မူးတူးနဲ့ကုတင်ဘေးက ခုံလေးပေါ်မှာတင်ထားသော ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဟယ်လို"

"ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ အော်... ကင်ထယ်ယောင်း လားမသိဘူး"

"ဟုတ်ပါတယ် ဘယ်သူလဲဟင်"

"SKS ကပါဗျ Congratulations ပါ ကင်ထယ်ယောင်း ပထမအကြိမ် ဖြေဆိုသော အင်တာဗျူးအောင်မြင်ပါတယ် Second interview သို့‌တက်ရောက်ခွင့်ရပါပြီခင်ဗျ"

"ဗျာ!!!! တကယ်လားဟင် စနေတာမဟုတ်ပါဘူးနော် တကယ်လား"

"ဟုတ်ပါတယ်ခင်ဗျ"

"တကယ်ကျေးဇူးပါ ကျေးဇူးတင်ပါတယ် အားးးး ကျေးဇူးပါ"

ထယ်ယောင်းဖုန်းကိုချလိုက်ကာ ကုတင်ပေါ်မှာရော ကြမ်းပြင်ပေါ်မှာပါ နတ်ပူးနေသလိုလူးလိမ့်နေမိတော့သည်။သူတကယ်ပျော်ပါသည် ပထမအဆင့်မှာတင်ကျမယ်ထင်ခဲ့ပေမယ့် ဒုတိယအဆင့်သို့တက်ခွင့်ရသောကြောင့် သူအလွန်ပျော်‌နေမိသည်။

"OMMA!!!!!!!!!"

ထယ်ယောင်း အသံနက်ကြီးဖြင့် အမေအားလှမ်းအော်ကာ...

"အမလေး လန့်လိုက်တာ ဘာကြီးလဲ အမလေးးး ကျားဟိန်းလိုက်တာလား ဒီနားမှာ တိရစ္ဆာန်ရုံလဲမရှိပါဘူး"

အွန်ဂျင်ယောင်းမှာ ညာဘက်လက်အားသူ့ဘယ်ဘက်ရင်ဘတ်ပေါ်သို့ဖိကာ အသက်ကိုဖြည်းဖြည်းချင်းရှုနေရတော့သည်။

"OMMA!!!!!!"

ထယ်‌ယောင်းသည် အသံနက်ကြီးဖြင့်ထပ်အော်ကာ မီးဖိုချောင်ထဲသို့ပြေးဝင်လာပြီး အမေဖြစ်သူအား အားရပါရ ပြေးဖက်လိုက်သည်။ပါးစပ်ကလည်း...

"Omma သားလူဖြစ်ပြီ သားလူဖြစ်ပြီဗျ"

"ဟမ် ထယ်ယောင်း သားဘာတွေပြောနေတာလဲ ဘာလို့အော်ဟစ်နေတာ လန့်လိုက်တာ သားမိန်းမ ကလေးမွေးလို့လား"

Journalist KimWhere stories live. Discover now