𝙷𝚊𝚗𝚊𝚋𝚒 ( 花火 )

329 42 12
                                    

July လရဲ့ နောက်ဆုံးရက်သတ္တပတ် ။

တစ်နည်းအားဖြင့် ဂျပန်နိုင်ငံရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်‌တဲ့ မီးရှူးမီးပန်းပွဲတော် ( Hanabi Festival ) ကျင်းပမယ့် ရက်သတ္တပတ်လည်းဖြစ်တယ်။

‌အလုပ်ကိစ္စနဲ့ Osaka ကို ခဏရောက်တုန်းရောက်ခိုက်မှာ ဒီမှာကျင်းပတဲ့ မီးပန်းပွဲတော်ကို ကိုယ်တိုင်ကိုယ်ကျ ပါ၀င်ဆင်နွှဲသွားချင်တာမို့ စနေနေ့မြန်မြန်ရောက်ဖို့ကို သူဆုတောင်းနေမိတယ်။

" Haruto ဒီပန်းချီကားတွေကရော ရောင်းဖို့ပဲလား "

" အာ ဟုတ်တယ် Jaehyuk .. ဒီက ၀ယ်မယ့်သူက အကုန်လိုချင်တယ်ဆိုလို့လေ ~ "

" နှမျောစရာကြီးကွာ မရောင်းဘဲနဲ့လေ ငါ့ကိုအလကားပေးပါလားဟင် ဟီး "

ဘာမှပြန်မဖြေဘဲ မျက်ထောင့်နီနဲ့စိုက်ကြည့်ပေးလိုက်တော့ အထာပေါက်သွားတဲ့ Jaehyuk က ဇက်ကလေးပု၀င်ပြီး သူ့အလုပ်သူသွားပြန်လုပ်နေရှာတယ်။

Jaehyuk က Haruto နဲ့ တက္ကသိုလ်အတူတက်ရင်း ခင်ခဲ့တဲ့ ကိုးရီးယား-ဂျပန်ကပြား သူငယ်ချင်းတွေပေါ့။ ကျောင်းပြီးတဲ့နောက်ပိုင်းမှာတော့ Haruto က မွေးရပ်မြေဖြစ်တဲ့ Fukuoka မှာပဲ ပြန်အခြေချပြီး Jaehyuk ကတော့ သူ့အစ်မရှိတဲ့ Osaka မှာ လိုက်နေတယ်။ အခုကတော့ Haruto ရဲ့ ပန်းချီကားရောင်းဖို့ကိစ္စနဲ့ Osaka ရောက်နေတုန်းမှာ Jaehyuk အိမ်မှာ ခေတ္တတည်းခိုဖြစ်နေတယ်ဆိုပါတော့။

" Jaehyuk .. ဒီတစ်ပတ် hanabi သွားကြည့်မှာမဟုတ်လား "

" သိပ်တော့မသေချာသေးဘူး အဲ့ဒီနေ့ညပိုင်း အလုပ်မရှိရင်တော့ သွားဖြစ်လောက်တယ် "

" မင်းကလဲကွာ တစ်ရက်တစ်လေပဲကို အတူတူသွားရအောင်ပါ "

" အေးပါ ငါကြည့်စီစဉ်ထားလိုက်ပါ့မယ် "

Haruto ကတော့ Hanabi တွေ သွားကြည့်ဖို့ကို အလွန်အမင်းစိတ်အားထက်သန်နေခဲ့တယ်။

----------

ပွဲတော်နေ့ ။

လမ်းဘေးဝဲယာကဆိုင်တွေရဲ့ အပြိုင်အဆိုင်ထွန်းလင်းနေကြတဲ့မီးရောင်တွေကြောင့် ညကလည်း အသက်ဝင်‌တက်ကြွလွန်းနေတယ်။ Yukata (ရိုးရာ၀တ်စုံ) ကိုယ်စီနဲ့ အပြိုင်အဆိုင်လှပနေကြတဲ့ လူငယ်လူရွယ်တွေကလည်း ငေးမောလို့မှမငြီးငွေ့နိုင်ဖွယ်။

𝙷𝚊𝚗𝚊𝚋𝚒 ( 花火 ) Where stories live. Discover now