စိုးရိမ်ရချိန်

59 0 0
                                    

တကယ်တော့ A ခန်းမှာ သူ့ချစ်သူကောင်လေးရှိတယ်။ ကျွန်တော်အဲ့ကောင်ကို ကြည့်မရဘူး။
ဒီနှစ်ထဲမှာကျွန်တော်အဖေဆုံးထားတာမကြာသေးဘူး။
ကျွန်တော်ကျောင်းပြေးတတ်လာတယ်။ သူ့အထင်ကြီးမှု လိုချင်ပေမယ့် စာမကြိုးစားဘူး။
စာကျက်ဝိုင်းတော့သွားတယ်။
တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်မိတယ်။ အဲ့ကောင်က သူ့ကိုသွားပြောတယ်။ ကျွန်တော်ပြန်သိရတော့ သူ့ရှေ့မှာ ရင်မဆိုင်ရဲတာနဲ့ စာကျက်ဝိုင်းကနေ ထပြန်ခဲ့တယ်။
အမှတ်သုံးလမ်းမကြီးဘေးက မှတ်တိုင်တစ်ခုထဲမှာ ထိုင်ပြီး ကြေကွဲမိတယ်။ နောက်ပြီးကျွန်တော့်သူငယ်ချင်းကို ဒေါသထွက်တယ်။
အဲ့ဒီနေ့က ကျူရှင်ဆရာမက ရပ်ကွက်ထဲရောက်နေတော့ သူငယ်ချင်းတွေက သွားကြိုတာ လမ်းမှာ ကျွန်တော်နဲ့ပြန်တွေ့တယ်။ သူလည်းပါတယ်။ သူငယ်ချင်းတွေထဲက မိန်းကလေးတစ်ယောက်က နင့်ကိုသူစိတ်ဆိုးတယ်လို့ထင်လို့ပြန်တာလားတဲ့။ သူကလည်း ကျွန်တော့်နာမည်ခေါ်ပြီး ငါနင့်ကိုစိတ်မဆိုးဘူးတဲ့။ ကျွန်တော်လည်းအရှက်ပြေပြီးသူတို့နဲ့အတူ ဆရာမကြိုတဲ့ဆီလိုက်သွားတယ်။

ဖြူသောရင်ခုန်သံWhere stories live. Discover now