အပိုင်း (၃၆) u+z

2.9K 320 56
                                    

(တစ်)

"ဗျာ ဆရာ!"

"ဗျာမနေနဲ့ ငါပြောတဲ့အတိုင်းလုပ်"

"ဆရာ..."

"ဒီတော့ကာ ရန်ကုန်မှာရှိသမျှ ငါ့လုပ်ငန်းတွေကို ငါခွဲထားတဲ့အတိုင်း ရာထူးတွေအတိုင်း မင်းတို့သုံးယောက် တာဝန်ယူ အလုပ်လုပ်ကြ"

ဦးဒီခက်မာန်က မိမိပိုင်လုပ်ငန်းများ၏ အကြီးပိုင်းရာထူးများကို ခွဲဝေပေးနေခြင်းဖြစ်သည်။ တာတီးနှင့် ဝေဟင်မိုးထက်တို့ အနားတွင် ထိုင်နေကြသည်။ B.A စာကလေးလည်းပါသည်။

"ဆရာမရှိဘဲ ကျွန်တော်တို့က ဘယ်လိုဦးဆောင်မှာလဲဗျာ။ ကျွန်တော် ဆရာ့နောက်ပဲ ဆက်လိုက်ချင်တယ်"

ဒီခက်မာန် တာတီးကို လေးနက်စွာကြည့်နေသည်။

"ခေါင်းဆောင်ဆိုတာက ကိုယ့်နောက်လိုက်တွေကို ကိုယ်မရှိတဲ့အချိန်မှာ ကိုယ့်လိုတော်အောင်၊ ကိုယ့်လိုတတ်အောင် လုပ်နိုင်တဲ့အထိ သင်ပြပေး၊ လမ်းညွှန်ပေးနိုင်မှ ခေါင်းဆောင်စစ်လို့ခေါ်တာ။ မင်း ငါ့နောက်ကလိုက်လာတာ ဆယ်စုနှစ်တစ်ခုစာရှိနေပြီ။ မင်းက ဦးမဆောင်နိုင်ဘူးဆိုရင် ငါက ခေါင်းဆောင်စစ်မဟုတ်ခဲ့လို့ပဲ တာတီး"

"ကျွန်တော်က အဲလိုပြောတာမဟုတ်..."

"ဒီမယ်တာတီး။ ငါ့ကိုတည့်တည့်ကြီးပြီးပြောစမ်း။ ငါက ခေါင်းဆောင်စစ်တစ်ယောက် ဟုတ်သလား၊ မဟုတ်ဘူးလား"

ချောင်ပိတ်သည့် မေခွန်းကြောင့် တာတီးတစ်ယောက်တော့ အကျပ်ရိုက်ပြီ။ ဉာဏ်ကောင်းလွန်းပါဘိ ဆရာရယ်။ ဆရာ့ကို မသွားစေချင်၍ မဟုတ်ဘူးဖြေလျှင်လည်း မဖြစ်သေး။ ဟုတ်တယ်ဖြေလျှင်လည်း လုပ်ငန်းတွေအပ်ကာ ထားခဲ့တော့မည်။

"ဆရာ..."

တာတီးလည်း ပြေးပေါက်မဖန်တတ်သည့်အဆုံး ဆရာဟုသာ ဝမ်းနည်းတိုးညင်းစွာ ခေါ်လိုက်သည်။

"တာတီး... တာတီး...။ မင်းနဲ့ငါက အလုပ်တွဲလုပ်လာတာလည်း မနည်းတော့ပြီဆိုတော့ ဆရာတပည့်လိုသံယောဇဥ်ကတစ်မျိုး၊ ညီအစ်ကိုလိုခင်မင်မှုကလည်းတစ်မျိုးရှိမှန်းတော့ ငါလည်း သိပါတယ်"

ကျည်ဖျားမေတ္တာ (completed)Donde viven las historias. Descúbrelo ahora