3

1.3K 182 0
                                    

Uni

ဒီနေ့ အတော်လေး ဆိုးရွားနေသလိုပဲ။ ကောင်းကင်ကြီးက မည်းနေပြီးတော့ အရာအားလုံး မှိုင်းပျနေတယ်။ ကျစ် ဒါမျိုးရာသီဥတုက အိမ်မှာနေပြီး နှပ်နေရမဲ့ ရာသီဥတု။ အခုတော့ ဇာတ်လိုက်ကို နာနာလေးထုဖို့ထောင်းဖို့ ကျောင်းရောက်နေရပြီ။

စိတ်ပျက်လက်ပျက်နဲ့ စီးကရက်သောက်ရင်း ဇာတ်လိုက်ကို စောင့်နေလိုက်တယ်။ တကယ်တော့ သူ ကျောင်းလာပြီလား မလာသေးဘူးလား ကျွန်တော် မသိပါဘူး။ ဒီအတိုင်း ကျောင်းပေါက်ဝမှာ စောင့်နေရုံလေးပါ။

ရုတ်တရက် စူးရှပြီး ဖျင်းခနဲဖြစ်လောက်အောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးက ကျွန်တော့်ဆီ စူးစိုက်လာလေတယ်။ ပျင်းတိပျင်းရွဲ့ နံရံမှီနေတဲ့ ကျွန်တော့်ကျောပြင်ဟာ တောင့်ခနဲပဲ။ ဘာလဲ။ တကယ်ဆို ဒီကမ္ဘာမှာ ကျွန်တော့်ကို ဒီလို ခံစားရစေတဲ့ အရာမျိုး မရှိသင့်ဘူး။

ကျွန်တော် အဲ့ဒီအရာရဲ့လားရာကို အမြန်လှည့်ကြည့်လိုက်တယ်။ နည်းနည်းလောက်ရှာဖွေပြီးတဲ့နောက်မှာ စာကြည့်တိုက် မှန်တံခါးမှာရပ်နေတဲ့ တရားခံကို ရှာတွေ့လိုက်တယ်။ အဲ့တာ ဇာတ်လိုက်ပဲ အိုး သေစမ်း။

ယုတ္တိတော့ရှိပါတယ်။ သူက ဇာတ်လိုက်ဆိုတော့ ကျွန်တော့်ကို ဒီလိုမျိုး ခံစားချက်ကြီး ဖြစ်စေနိုင်တာပဲလေ။ ဒါပေမဲ့ ဘာလဲ။ သူက တောက်ပဝံ့ကြွားပြီး သတ္တိရှိတဲ့ ကာလကိုတောင်မရောက်သေးဘူးလေ။ ဇာတ်ညွှန်းအရဆိုရင် သူ့အမေအသတ်ခံရပြီးမှ အဲ့လိုမျိုး ဖြစ်လာရမှာမလား။ အခုက တစ်ခုခုလွဲနေတာ အသေအချာပဲ။

ကျွန်တော် သူ့ဆီကို သေသေချာချာ မော့ကြည့်လိုက်တယ်။ မျက်လုံးနှစ်ခု ဆုံသွားချိန်မှာ သူ့မျက်လုံးတွေ အတော်ကြီး ကြောက်ဖို့ကောင်းတာကို ကျွန်တော် သတိထားလိုက်မိတယ်။ သေစမ်း ဆံပင်တွေအောက်က မျက်လုံးတွေက အဲ့လိုပုံမျိုး ဖြစ်နေမယ်လို့ တကယ် ထင်မထားလိုက်ဘူး။ အဲ့တာတွေက စူးရှပြီး နတ်ဆိုးဆန်နေတယ်။ မကောင်းဆိုးဝါး ဝင်ပူးခံထားရသလိုပဲ။

ကျွန်တော် နံရံမှာ ကြောက်လန့်တကြား ကပ်နေမိပေမဲ့ မျက်လုံးတွေကို အဲ့ဒီက ခွာလို့မရခဲ့ဘူး။ သူက ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ မနေ့ညနေကပဲ ကျွန်တော် ရိုက်တာကို သေလုအောင် ကြောက်နေခဲ့တဲ့သူက အခုတော့... အကြည့်တစ်ချက်နဲ့တင် ကျွန်တော့်ကို သတ်တော့မလိုပဲ။ သူက...

The Host Meets Devil (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ