[ကစားကွင်း]
-ယနေ့တွင် နေသာသည်။
သို့သော် နည်းနည်းမျှ စိတ်မသာယာပါ။-မင်ယွန်းဂီ...
ခင်ဗျားကို မတွေ့ရတာကြာပြီ။
ခရီးလွန်နေသလား မေးရအောင်လည်း ခင်ဗျားဟာ ညဉ့်နက်မှပြန်ရောက်လာသည်ကို သိပ်မကြာခင်ကပဲ သိလိုက်ရသည်။-သိသိသာသာကို ရှောင်နေတာမလား။ ဟင်..ကိတ်မုန့်လာကျွေးပြီးတည်းက အပြတ်ဖြတ်သွားတာမလား။
"ထုသတ်ပစ်ချင်လိုက်တာ"
-ညည်းညူညူပြောရင်း ကော်ဖီသောက်ရန်ထလိုက်တော့သည်။
နည်းနည်းလေးမျှ ထိုအကြောင်းကိုမတွေးချင်တော့၊ မဟုတ်လျှင် စိတ်ဒုက္ခရောက်ရဦးမည်။-ဘဲလ်တီးသံကြားသဖြင့် ကော်ဖီဖျော်ရန်သွားသော ခြေလှမ်းများက တံခါးဝဆီရောက်သွားရသည်။
"လာပါပြီခင်ဗျ..."
-အရှေ့တံခါးဖွင့်ပေးတော့ အရှေ့တွင် ခပ်ပြုံးပြုံး ဟန်ပန်အပြည့်ဖြင့်ရပ်နေသူကြောင့် မျက်မှောင်ကြုတ်မိသည်။
"မင်ယွန်းဂီခင်ဗျ..ဘာကိစ္စရှိလို့ပါလဲ"
"မင်းအားလား၊ ကျုပ်တောင်းဆိုစရာရှိတယ်။"
"ရတယ်၊ ပြောကြည့်လေ"
"အိမ်ထဲဝင်ဖို့တောင် မခေါ်တော့ဘူးလား"
-ပြုံးစစဖြင့်ပြောလာတော့ မျက်မှောင်ထပ်ကြုတ်မိပြန်သည်။
"မဝင်ပါနဲ့တော့"
"အိုကေလေ..ကျုပ်နဲ့ အပြင်လိုက်ခဲ့၊
မင်း အသက်ပြည့်ပြီမလား။"-အသက်ပြည့်တာ။
ဘာဆိုင်လဲ၊ ဘယ်ကိုခေါ်သွားဖို့လဲ။-မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ ထပ်ကြည့်တော့ လက်ကိုအတင်းဆွဲကာ ခေါ်လေသည်။
"လာကွာ..."
"ဟေ့..ခင်ဗျား၊ လွှတ်စမ်း"
"မင်းလိုက်မှာလား မလိုက်ဘူးလား၊
မလိုက်ဘူးဆို လက်ကိုမလွှတ်ပေးဘူး။""တံခါးပိတ်ဦးမယ် ဘယ်လိုဖြစ်နေသလဲ၊ တကယ်ပါပဲ.."
-မျက်နှာပေါ်က အပြုံးသဲ့သဲ့ကို ခင်ဗျားမမြင်လိုက်၍ တော်ကာကြသည်။
-မသိဘူးလား၊ သေလိုက်အောင် လိုက်ချင်တာပေါ့။
"ဟင်.."
-ကားရပ်ကာ ဆင်းသွားသော နေရာကြောင့် ကြောင်အမ်းရသည်။
"မလာဘူးလား"
"လာပြီ"
-ကားပေါ်က ဆင်းကာ လှမ်းခေါ်သူကြောင့် အပြေးဆင်းရပြန်သည်။
"သည်ကို ဘာလုပ်ဖို့လဲ"
"ကစားလေ"
"ကလေး ကစားကွင်းကြီးလေဗျာ"
"မင်းက ကလေးပဲ"
"အသက်ပြည့်ပြီဆိုနေ ခင်ဗျားရယ်"
"ကျုပ်အတွက်တော့ ကလေးလေးပဲ"
-အထက်အောက် စုန်ချည်ဆန်ချည်ကြည့်လျက်ပြောသည်။
"ခင်ဗျား အရပ်တိုင်းနေတာမလား"
"မင်းသိနေတာလား"
"ချီးပဲ..သောက်အရပ်က ဘယ်လောက်ရှည်နေလို့လဲ ခင်ဗျားက"
"ချစ်လို့စတာကိုကွာ မင်းကလည်း"
"အေး စ,နေလိုက်"
-စိတ်ဆိုးဆိုးဖြင့်သာ ကစားကွင်းဘက်ထွက်လာခဲ့တော့သည်။
သူ့အရပ်က စနောက်စရာလိုလို့လား။"ကျုပ်ရဲ့ ကလေးလေး"
-ခပ်တိုးတိုးစကားသံကို သူကြားနိုင်မည်မဟုတ်။
[12.5May.2022]
YOU ARE READING
𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]
Fanfiction[𝑼𝒏𝒊𝒄𝒐𝒅𝒆 & 𝒁𝒂𝒘𝒈𝒚𝒊] 𝚈𝚎𝚕𝚕𝚘𝚠 𝙰𝚛𝚎𝚊💛 𝐃𝐨𝐮𝐛𝐥𝐞 𝐌𝐢𝐧(ʸᵒᵒⁿᵐⁱⁿ) 𝙢𝙖𝙣𝙮-𝙢𝙖𝙣𝙮 𝙨𝙝𝙤𝙧𝙩 𝙨𝙩𝙤𝙧𝙞𝙚𝙨