554

234 36 1
                                    

ဘယ်သူ ဓာတ်ပုံခိုးရိုက်သွားတာလဲ ၎

"အမေ အမှန်ပြောတာပါ သူ သမီးအပေါ် အရမ်းအရမ်းကောင်းတယ် မဟာ့မဟာကို ကောင်းတာ"
ဟော်မြန် 'မဟာ့မဟာ' ဆိုတဲ့ စာလုံးကို သုံးကာ အရမ်းကောင်းတယ်လို့ အထပ်ထပ်အခါခါ ပြောလိုက်သည်။

ဟော်မြန်က လိမ္မာတယ်ဆိုတာ ယန်မေ့ရုံ သိပါသည်။ သူမက လိမ်တာကို မကြိုက်ဘူး ဒါကြောင့် သူမ အမှန်ကိုပြောနေတယ်ဆိုတာ ယန်မေ့ရုံ ယုံပါသည်။

"အဲ့ဒါက အဓိကပဲ  ငါအများကြီး စိတ်သက်သာရာရသွားပြီ အနည်းဆုံး သူက သူ့မိဘတွေလို လူမျက်နှာ တိရိစ္ဆာန်စိတ်နဲ့ မဟုတ်ဘူးပဲ"

"အမေ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

"နားမလည်ပေးလို့ ငါ ဘာလုပ်ရမှာလဲ ကိစ္စက ဖြစ်ပြီးတာ ကြာလှပြီပဲ ပြီးတော့ နင် အဲ့ဒီနှစ်တွေမှာ အရမ်းပင်ပန်းခဲ့ရတယ်လို့ ဇီရှင်းက ပြောတယ် ငါလဲ ပင်ပန်းနေပြီ ငါတို့အားလုံး ပင်ပန်းနေပြီ ငါ မလွှတ်ချလိုက်ရင် နင်က အမြဲတမ်း နာကျင်နေရမှာ ငါက နင့်အမေပါ ဘာလို့ ငါ ငါ့သမီးရင်းလေးကို နာကျင်စေရမှာလဲ"

"အမေ ကျေးဇူးပါ "
ဟော်မြန် ယန်မေ့ရုံလက်ကို ကိုင်ကာ အသာဝေ့ယမ်းရင်း ဆိုသည်။

သူမအမေရဲ့ ခွင့်ပြုချက်ကို ဒီလိုမကြာခင် ရလိမ့်မယ်လို့ သူမ ဘယ်တော့မှ မထင်ဖူးချေ။

"နောက်ပိုင်း သူ နင့်ကို သစ္စာဖောက်ရဲကြည့် ဇီရှင်းနဲ့ ငါ သူ့ကို သတ်မယ် သူတို့မိသားစုက ချမ်းသာတာကြောင့်နဲ့ ငါတို့ သူတို့ကို ကြောက်တယ်လို့ မဆိုလိုဘူး နင့်အမေက အိုချင်အိုနေလိမ့်မယ် ဒါပေမဲ့ နင်နဲ့ ဇီရှင်းအတွက် ငါ ဘာမဆို လုပ်နိုင်သေးတယ်"
( heartထိတယ် အမေရယ်)

ယန်မေ့ရုံက ပါးစပ်ကနေ ခွင့်မလွှတ်တတ်တဲ့ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင် ဖြစ်သည်။ ဒါကြောင့် သူမစကားတွေက သူမနှလုံးသားကနေ လာတယ်ဆိုတာကို ဟော်မြန် သိသည်။

"သူလုပ်မှာမဟုတ်ပါဘူး အမေ သူလုပ်ရဲရင် သမီး သူ့ကို အေးဆေးနေခွင့်မပြုဘူး"
ဟော်မြန် ပြုံးလိုက်သည်။

အဲ့နောက် သူမ သူမအမေနဲ့ ရိုးရှင်းတဲ့ နေ့လည်စာကို စားလိုက်သည်။ ဟင်းနှစ်ခွက်သာ ရှိပြီး အသီးအရွက်ကြော်တခွက် အသားတခွက်နဲ့ စွပ်ပြုတ်တခွက်တို့ပင်။

အချစ်​စတင်​ခဲ့ရာ(Volume 3)Where stories live. Discover now