Episode 4

2K 193 12
                                    

[Unicode]𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈 Episode 4

အရှေ့စားပွဲဆီသို့ 'ဘုတ်!'ကနဲလာပစ်တင်သော ကျောပိုးအိတ်နဲ့အတူ မော့ကြည့်မိတော့တစ်ခုခုကိုအလိုမကျစွာဖြင့် စူပုတ်နေသော Kimအားတွေ့ရသည်။

ခုံတန်း၌ လှဲအိပ်နေသော Eun Wooကပါထလာသည်။

"ဘာဖြစ်လာတာလဲKim!"

"Edenလေ Haeundaeကမ်းခြေသွားတာ....ငါကျောင်းပိတ်မှအတူသွားမယ်ပြောပြီး....အခုကျငါ့ကိုမခေါ်ပဲသွားတယ်..."

"ဘာသွားလုပ်မှာလဲ...... Haeundaeကဒီလောက်ဝေးတာကို.....အလကား ပျင်းစရာ"

ဝင်ပြောသူ Eunwooအား ဝါးစားမတတ်ကြည့်သည့် Kim!

"Omo! ဘာလို့အဲ့လိုကြည့်နေရတာလဲ.... Zone Aကအပင်တွေလောင်ကျွမ်းပြာကျတော့မှာပဲ Taehyung ssi...သူ့ဘာသာနေတဲ့အပင်တွေကိုသနားပါဦး"

"ပြာကျမယ်ဆိုရင်တောင် Eun Wooကိုပဲပြာကျခိုင်းမှာပါနော်!"

ကက်ကက်လန်အောင်ပြန်ရန်တွေ့သော Kimရဲ့ပုံစံကို သဘောကျစွာငေးကြည့်နေမိသည်။

"အာ....အားနာပေမယ့်...ကျွန်တော်ကချောမောတဲ့အရှိန်အဝါကတောက်ပလွန်းလို့! သာမာန်အရာတွေကမတိုးနိုင်တော့ဘူး...စိတ်မကောင်းပါဘူး Taehyung ssi..."

"မင်း!"

Confidence Level So Highပြီး Anotherရောက်နေတဲ့ Eunwooနဲ့စကားပြိုင်ငြင်းပါက Kimရှုံးမှာအမှန်။ရှူးရှူးရှဲရှဲနဲ့ Eunwooဆီသွားရန်ပြင်တော့ လှမ်းဆွဲမိသည်။

"တော်တော့ Kim!...."

လှမ်းဆွဲတဲ့သူ့လက်ကိုဖြုတ်ကာ အိတ်ကိုကောက်ယူပြီးလှည့်ထွက်သွားသည်။

"Eunwoo....မင်းဟာလေ တစ်ကယ်ကို..."

သူ့အားပုခုံးတွန့်ပြကာ ပြောင်သည့် Eun Wooကို ခေါင်းခါကာကြည့်ရင်း Kimရဲ့နောက်သို့လိုက်ရန်ပြင်ရသည်။

သူ့ရဲ့ Teddy Bearလေး တော်တော်ဒေါသထွက်သွားတာ! ခုနကEun Wooစလို့ ဖြစ်နေတဲ့ပုံလေးများ ကျားပေါက်လေးမာန်ဖီနေသလို.....အူယားစရာလေးရယ်!

ခြေလှမ်းသွက်သွက်ဖြင့်အရှေ့မှလျှောက်နေသော Kimကို လှမ်းဆွဲတော့ တွန်းထုတ်သည်။

ဝေးဝေးမရောက်တဲ့ သူက ထပ်ပြီးလှမ်းဆွဲပြန်တော့ ရင်ဘတ်ဆီသို့တွန်းထုတ်ရန်ပြင်လာသည့်လက်များကိုလှမ်းဖမ်းမိသည်။

'𝐊𝐈𝐌 : 𝑳𝒊𝒌𝒆 𝑬𝒗𝒆𝒏𝒊𝒏𝒈' [ 𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒]✓Donde viven las historias. Descúbrelo ahora