"Minjeong"
Hot chocolateတစ်ခွက်ကိုကိုင်ကာ Minjeongအခန်းဝင်ကိုသွားတော့ စားပွဲတွင်စာထိုင်လုပ်နေသော ကလေး။ စာမေးပွဲနီးနေပြီဖြစ်၍ ဒီရက်ပိုင်းMinjeongမှာမအားလပ်။ မေဂျာချင်းမတူတော့ ဘာမှလည်းဝိုင်းမလုပ်ပေးတတ်။
အားဖြည့်ပေးရမှာကသာ သူမ၏တာဝန်တစ်ရပ်ဖြစ်လာသည်။ ခေါ်သံကြားတော့ စာလုပ်နေရာမှခေါင်းမော့ကာ လှည့်ကြည့်လာသည်။
"Hot chocolate"
ပြောရင်းစားပွဲပေါ်ရှိနေရာလွတ်တစ်ခုတွင် ခွက်ကိုတင်ပေးတော့ 'ကျေးဇူး' ဟုပြောသည်။ ပါးဖောင်းဖောင်းလေးတွေဟာ အရင်ကလောက်မရှိတော့တာကြောင့် စိတ်မကောင်းဖြစ်မိသေးသည်။
"စာမေးပွဲနီးနေတာကိုနားလည်ပေမယ့် တအားကြီးတော့အားစိုက်ပြီးမလုပ်ပါနဲ့ နားနားပြီးလုပ်ပေါ့..."
"ဟုတ်ကဲ့"
"နေ့လည်စာသေချာစားလိုက်အုံးနော်"
ပါးနှစ်ဖက်အပေါ်လက်အုပ်ကာ သူမကိုမော့ကြည့်စေပြီးပြောတော့ ခေါင်းကိုတဆတ်ဆတ်ငြိမ့်သည်။ ထို့နောက်သူမကိုခေါင်းအစခြေအဆုံးကြည့်ကာ မေးလေသည်။
"ဒေါက်တာကဘယ်သွားမလို့လဲ"
"အင်း.. ဆေးရုံကအရေးပေါ်ခေါ်နေလို့ သွားမှရမယ်
အဲ့ဒါ မသွားခင်ပေါက်စဆီကိုအရင်လာတာ အမအခုသွားပြီနော်... တာ့တာ! နေ့လည်စာသေချာစားအုံးနော်!!""ဟုတ်ကဲ့!"
//
ဒေါက်တာထွက်သွားအပြီးအိမ်တွင်သူမတစ်ယောက်တည်း။မှာခဲ့သည့်အတိုင်း နေ့လည်စာလည်းခူးစားမိသေးသည်။ အခန်းထဲမှထွက်၍လည်း အိမ်ထဲဟိုဟိုဒီဒီလျှောက်မိသေးသည်။
ညနေဆောင်းသည်အထိ ဒေါက်တာပြန်မလာသေး။ ပိတ်ရက်ကိုတောင်သေချာမနားရတဲ့ ဒေါက်တာရယ်ပါ။ သို့သော်ဒေါက်တာဟာ လုံးဝအားပျက်သွားခြင်းမရှိ။ အမြဲတက်ကြွနေတာကြောင့် သဘောကျမိပါသည်။
နာရီကိုလှမ်းကြည့်တော့ ညနေ၆နာရီ။
ညနေစာလည်းပြင်ထားပြီးပြီမို့ ထိုင်စောင့်နေရုံမှလွဲ၍မတတ်နိုင်။ အခုထိအလုပ်ထဲတွင်ရှိနေသေးမှာစိုး၍ ဖုန်းလည်းမဆက်ချင်ပါ။