4

780 84 11
                                    

unicode

"ဆောနူရေ မြန်မြန်ဝတ်ပါဟ ငါတို့နောက်ကျနေပြီ "

" ငါလည်းဝတ်နေတာပဲကွာ အဲ့တာကြောင့် ဝတ်စုံပြည့်တွေ မဝတ်ချင်တာ အလုပ်ရှုပ်လွန်းလို့ "

" မဝတ်လို့မရဘူး ဒီနေ့က ငါတို့မေဂျာအတွက် သွားပြိုင်ပြီး အနိုင်ယူလာရမှာကွ အဲ့တာမှငါတို့မေဂျာကို အထင်မသေးရဲတော့မှာ "

ဂျိတ်ပြောတာလည်းမှန်ပါသည်
သူတို့မေဂျာကို ကျောင်းထဲမှာ သိတဲ့လူကခပ်ရှားရှား ဘာပွဲပြိုင်ပြိုင် ရှုံးနေတော့ နာမည်ကောင်းလည်းမရ အခုပွဲကိုတော့ နိုင်အောင်ပြိုင်ရမည်
တခြားပွဲတော့မဟုတ် တက္ကသိုလ်welcomeပါတီတွင် ကင်းတွေကွင်းတွေရွေးရန် မေဂျာတစ်ခုမှ ယောကျ်ားလေး ကိုယ်စားပြုနှစ်ယောက်နှင့်မိန်းကလေးနှစ်ယောက်ကို ရွေးခိုင်းထားခြင်းပင်ဖြစ်သည်
ဂျိတ်ကတော့ နဂိုချောပြီးသားလူမလို့ အရွေးခံရတာမှန်ပေမဲ့ ဆောနူကိုတော့ဘာကိုကြည့်ပြီးရွေးသွားကြလဲတော့မသိ
မေဂျာမှာလူနည်းတာကြောင့်လည်းပါလိမ့်မည် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကရွေးခံရပြီဆိုမှတော့ အကောင်းဆုံးဝင်ပြိုင်ပြီး အနိုင်ရအောင်ကြိုးစားမှဖြစ်မည်
နီခီတို့မေဂျာကတော့ ပြောစရာမလို
နီခီ့နာမည်ကထိပ်ဆုံးကပါသည်

" နီခီတို့မေဂျာက နီခီနဲ့ဘယ်သူနဲ့လဲ "

" ဂျေးဆိုလားပဲ မသိပါဘူးနီခီပြောပြတာပဲ "

" တော်သေးတယ် အဲ့ပတ်မင်က စီနီယာမလို့ မဟုတ်ရင် သူနဲ့နီခီနဲ့ဖြစ်ပျက်နေတာကို မြင်နေရဦးမယ် "

" အေး ဟုတ်တယ် ပတ်မင်က ပထမနှစ်တုန်းက သူတို့မေဂျာကင်းတဲ့ အခုလည်းလာကြည့်ချင်လာကြည့်မှာ ငါဘယ်လိုရင်ဆိုင်ရမလဲကွာ "

" တိတ်စမ်း မင်းကိုငါဘာမှာထားလဲ မပျော့ညံ့နဲ့ မင်းကအနိုင်ရပြီးသားပဲ ဘာမှရင်ဆိုင်စရာမလိုဘူး ခပ်တည်တည်ပဲနေလိုက် "

" အေးပါကွာ "

ဂျိတ်ကို နီခီနဲ့ပတ်သတ်သမျှတစ်ခုမှမကျန် အကုန်ပြောပြထားတော့ ဆောနူအစားစိတ်မကောင်းဖြစ်နေတဲ့ဂျိတ်ရဲ့စိတ်ကို သူနားလည်ပါတယ်
ဂျိတ်ကသူ့ကိုစိတ်မကောင်းမဖြစ်စေချင်လို့ပြောနေပေမဲ့ စိတ်ထဲမှာ သူ့ကိုသနားနေမှန်းသိပါတယ်
ဟူး သူကသာ ဒီလိုတွေခံစားနေရတာ နီခီကတော့သူနဲ့ထပ်တူခံစားရပါ့မလားတွေးမိပြန်တော့ ရင်လေးရပြန်တယ်

DAFFODILWhere stories live. Discover now