3.

2.2K 177 9
                                    

Playlist : Love Maze By BTS

"ဟူးးးး"

"ဟိတ်ကောင်မင်းကလဲဘာလို့သက်ပြင်းခနခနချနေတာတုံး ပထမဆုံးရုံးတက်ရက်ကိုပျော်ပျော်ရွှင်ရွှင်နေစမ်းပါ"

ဂျယ်ယွန်း သွားသာဖြီးပြလိုက်သည်။
သူအခုရင်တွေအရမ်းခုန်နေတာ။
ပထမဆုံးရုံးတက်ရက်ဖြစ်တာကတစ်ကြောင်း။
အမှားတွေလုပ်မိရင်ဘယ်လိုလုပ်မလဲစိတ်ပူမိတာကတစ်ကြောင်း။
ဟိုလူ့ကြောင့် က တစ်ကြောင်း။

"အဆင်‌ပြေမှာပါ"

ဂျေးကသူ့ပုခုံးကိုပုတ်ပြီး‌အားပေးတယ်

အင်း အဆင်ပြေသွားမှာပါ

တော်သေးလို့ ဂျုံဆောင်းကလဲထိုလူ့လက်အောက်မှာအလုပ်လုပ်တာ
မဟုတ်ရင် သူအဆင်ပြေမှာမဟုတ်ဘူးကြောက်နေမိမှာ

-

-

-

"Jake..ဒါကငါတို့Teamကလူတွေ ဒါကအဖွဲ့မူး Min Yoongi , သူကတာဝန်ခံKang Taehyun , ပြီးတော့ သူတို့က......

ဂျုံဆောင်းတစ်ယောက်ပြီးတစ်ယောက်ကိုမိတ်ဆက်ပေးနေရင်း နောက်ဆုံးသူ့ထောင့်နားက ခုံအလွတ်ရဲ့ဘေးမှာရှိတဲ့သူစီရောက်သွားတော့အသံတိတ်သွားတယ်

သူလဲအံ့ဩသွားတာ။

"မင်း..မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ"

"CEO က အဖွဲ့သားအသစ်လာမယ်ဆိုပြီးမပြောထားဘူးထင်တယ် အဲ့တာဆိုရင်လဲ ကိုယ့်ဟာကိုမိတ်ဆက်ရမှာတော့"

ပီတီတီမျက်နှာနဲ့မတ်တပ်ရပ်လိုက်ပြီး

"အာညော်အာ‌ဆယ်ရော..ယန်းဂျောင်ဝန်း အီမြီသား"

[အဲ့အသံနဲ့ဘဲဖတ်ပေးပါ 😆]

ဆိုပြီးပြန်ထိုင်နေလိုက်တယ် ဂါးး ဒီကောင်လေးကတော့နော် အခြားသူတွေက‌လဲဘားမှမပြောဘူးလား တစ်ကယ်ဘဲ

ဘေးကရှင်းမ်ဂျယ်ယွန်းကတော့ jungwon ကို မျက်လုံးစစ်တိုက်ပြီး မင်းကဒီကိုဘယ်လိုရောက်နေတာလဲ လှမ်းမေးနေသည် ဟိုကတော့ မသိဘူးလေ ဆိုတဲ့ပုံစံဖြင့် ပုခုံးတွန့်ပြတယ်

ဂျေးကိုတော့ပြောမနေပါနဲ့တော့ အခုဂျယ်ယွန်းက သူ့အနောက်မှာရှိနေတာတောင် မျက်နှာကိုခန့်မှန်းလို့ရတယ် သေချာပေါက် ပြောင်းဖူးမရတဲ့ရုပ်ဖြစ်နေမှာ

CEO'S PUPPY ✓ | heejakeWhere stories live. Discover now