One shot (Uni)

4.2K 230 18
                                    

မီးရောင်စုံများ၏ တောက်ပသော အလင်းရောင်များက လူတို့၏ မျက်လုံးမှ တဏှာမီးလျှံကြား မတိုးထွက်နိုင်ဟန် မှေးမှိန်နေသည်။ လူအားလုံး၏အကြည့်တို့ကို ဖမ်းစားထားသည်က စတိတ်စင်မြင့်ထက်က အရာတစ်ခု။

ပေါင်လယ်လောက်ရှိသည့် ဘောင်းဘီတိုလေးနှင့် တီရှပ်ကိုခါးမြှုပ်ကာ ဝတ်ဆင်ထားသော လူတစ်ယောက်က စင်ပေါ်တွင် ချိုသာသော အသံဖြင့် တေးသီနေလေသည်။ အသံထက် လူတွေရဲ့အာရုံကို ပိုဖမ်းစားထားနိုင်သည်က ထိုလူ၏ ရုပ်ရည်သွင်ပြင်ပင်ဖြစ်သည်။ ချောမောသော ရုပ်ရည်၊ လှပသော မျက်နှာကျက မျက်နှာမလွှဲရက်လောက်သည်အထိပင်။ ညုတုတု အကြည့်တို့နဲ့ စင်အောက်ကလူတွေရဲ့ အာရုံကို အပိုင်သိမ်းထားနိုင်ပြီး အပြုံးတွေကလည်း ဆွဲဆောင်မှုတစ်ခုပင်။ ဖြူသော အသားအရည်က စွဲမက်ဖွယ်ကောင်းအောင် မီးရောင်အောက်တွင် တောက်ပနေလေသည်။ ပေါင်တံသွယ်သွယ်၊ ခြေတံရှည်ရှည်နဲ့ ထိုလူဟာ အရပ်ရှည်တယ်လို့ထင်ရသော်လည်း တခြားသူများနှင့်ယှဉ်လျှင် ကလေးတစ်ယောက်လို ချစ်စရာကောင်းအောင် နုဖတ်လွန်းသည်။

စင်အောက်မှလူများသည်လည်း အရက်သောက်သူကသောက်၊ ကသူက,ကနှင့် သီချင်းသံကြား စီးမြောကြသည်။ သီချင်းသံပြီးဆုံးလို့ ထိုလူ စင်နောက်ပြန်သွားမည့်အချိန်ကို စောင့်မျှော်နေသူများကလည်း ဒုနဲ့ဒေးပင်။ ပြီးရင်တော့ ထိုလူ့ကို သူတို့ရဲ့သာယာမှုအတွက် သက်ဆိုင်ရာနေရာဆီ ခေါ်ဆောင်သွားလိမ့်မည်။ ပထမတော့ ထိုလူမှာ ဆွဲဆောင်ရပေမယ့် နောက်ပိုင်းတွင်တော့ ထိုလူ့ကို လိုချင်သူတွေများလွန်းသဖြင့် ဆွဲဆောင်စရာမလိုဘဲ ရွေးချယ်ရသည်။ တစ်ညကိုတစ်ယောက်သာ ထိုလူကရွေးချယ်သည်။

"...အကြွေးကြွယ်လှတဲ့ ဈေးသည်မ အမေဟာလည်း အမေ။ ချစ်သဒ္ဒါကင်း‌ဝေးတဲ့ ပြည့်တန်ဆာအမေဟာလည်း အမေ..."

အိပ်မက်ကြောင့် လန့်နိုးလာပြီး ပြန်အိပ်ချင်သော်လည်း မျက်လုံးတို့က မှိတ်လို့မရတော့သဖြင့် ထထိုင်လိုက်သည်။ ဘေးအိမ်မှဖွင့်သော တရားက သူ့အားလှောင်နေသယောင်ပေ။ မိဘကျေးဇူးဆပ်တတ်ရန်တဲ့လေ။ တရားတစ်ပုဒ်လုံးကို နေ့တိုင်းဖွင့်သော်လည်း နေ့တိုင်းကြားမိတာကတော့ ဒီတစ်ကြောင်းတည်းပင်ဖြစ်သည်။ 'ပြည့်ဆန်ဆာ အမေဟာလည်း အမေ'။

ပြည့်တန်ဆာအဖေWhere stories live. Discover now