When Broken (Zawgyi)

630 5 2
                                    

   BaekHyun တစ်ယောက် သူကိုယ်တိုင် ပထမဦးဆုံး ခက်ခက်ခဲခဲ ပြင်ဆင်ထားသည့် ထမင်းဘူးကို သူ၏ချစ်ရပါသော အမျိုးသားလေး စားဖို့ အတွက် အိမ္က Driverကို မောင်းခိုင်းကာ ကုမ္မဏီ သို့ထွက်လာခဲ့သည်။သူ့ဟာ မျက်မမြင်တစ်ယောက်ဖြစ်သောကြောင့် တုတ်ကောက်လေးနဲ့ ပတ်ဝန်းကျင်ကို စမ်းကာ ရုံးထဲသို့ဝင်လာခဲ့လိုက်သည်........သို့ပေမယ်........
ကုမ္မဏီဝင်ပေါက်မှာ လူတစ်ယောက်ရဲ့ခြေထိုးခံမှုကို ခံလိုက်ရတာကြောင့် ချစ်ရသောအမျိုးသားလေး စားဖို့အတွက် ပြင်လာတဲ့ ထမင်းဘူးလေးဟာ ပြန့်ကျဲသွားခဲ့ပြီ.........

        ***************

ညနေရုံးဆင်းချိန်ရောက်သောကြောင့် အလုပ္မ်ားကိုလက္စသက္ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ အခန်းအပြင်ရောက်တော့...
တချို့ဝန်ထမ်းများက သူ့ကိုကြည့်ကာ တီးတိုးတီးတိုးး ပြောနေကြသည်.....
တချို့ကြ တမင်ကြားအောင် ပြောကြသည်....

"CEO Park က ယောက်ျားတစ်ယောက်နဲ့လက်ထက်တာတဲ့...."
  "ပြီးတော့ သူ့လက်ထပ်ထားတဲ့ယောက်ျားက မျက်ကန်းတဲ့....."

သူ့ကိုကြည့်ကာ မထိတထိပြောဆိုနေကြတော့ ကြောင့် Park Chanyeol တစ်ယောက် ဒေါသမီးထွက်ကာ တစ်စုံတစ်ယောက်နာမည်ကို နှုတ်မှရွတ်ပြီး အိမ်သို့ပြန်လာခဲ့လိုက်သည်။

**************

အိမ်ရှေ့တွင် ကားသံကြားရသောကြောင့် မောင် ပြန်လာပြီဆိုတဲ့အသိနဲ့ ဆိုဖာပေါ်မှ ထက တံခါးပေါက်ရှိရာသို့ မှန်းပြီးမျက်နှာမူကာ......

"Byun Baek Hyun!!"

ParkChanyeol ရဲ့အော်သံကြောင့် BaekHyun ခန္ဓာကိုယ်လေး တုန်တက်သွားသည်။

"မောင် ပြန်ရောက်ပြီလား...Baek ရှိတယ်လေ"

"မင်း ငါ့ကုမ္မဏီ ကိုလာသေးလား"

"အာ ..နေ့လည်တုန်းက မောင် နေ့လည်စာ စားရအောင်ဆိုပြီး Baek ထမင်းလာပို့သေးတယ်..
ဘာဖြစ်လို့လဲ မောင်ရဲ့"

"မင်း ကို ရုံးကိုမလာပါနဲ့လို့ပြောထားတယ်လေ!!
မင်းကြောင့် ငါဘယ်လောက်အရှက်ရစေတယ်ဆိုတာ မင်းသိလား!! ဟမ်!! မင်းလို မျက်ကန်းတစ်ယောက်ကို ငါလက္ထက္ထားရတာကိုက ငါရှက်လှပြီ !! "

When Broken (One Short) [Complete]Where stories live. Discover now