only with you

15 1 0
                                    

1)
"ရေရောချိုးလာရဲ့လား" လို့
ကျွန်‌တော်စနောက်လိုက်တုန်းကတော့ ရိုးရိုးသားသားပါပဲ။
"ချိုးလာတာပေါ့ မွှေးနေတာပဲ နမ်းကြည့်ပါလား နွေဦးရယ်" လို့
ကျွန်တော့ကို သူ ပြန်နောက်လိုက်တော့မှ မရိုးမသားတွေဖြစ်ကုန်တာ။

လောကကြီးကမတရားဘူး.. ကိုကို့ ကိုကျ မတရားကြည့်ကောင်းစေတဲ့ ဆဲလ်တွေနဲ့ဖွဲ့စည်းပေးထားတယ်။ ဘယ်လောက်ထိတောင်လဲဆိုတော့ သိပ်မကောင်းတဲ့ ကျွန်တော့် မျက်လုံးတွေကတောင် ကိုကို့ ကိုဆို တန်းမြင်နိုင်လောက်တဲ့အထိ ကိုကိုကကြည့်ကောင်းတယ်။
ဂျင်းပန့်အတို‌တွေ မဝတ်စေချင်ဘူး။
အဲ့လိုဆိုပြီး ဘောင်းဘီရှည်ရှည်တွေလည်း မဝတ်စေချင်ဘူး ။
JJ ဘောင်းဘီတောင် အဆင်မပြေနေဘူး။
အကုန်လုံးကြည့်ကောင်းနေတာမို့ကွာ။

2)
ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို သဘောကျတဲ့ကိစ္စမျိုးတွေမှာ ကိုကိုကဘာထင်မြင်ချက်မှ ပေးလေ့မရှိဘူးနော်.. တစ်ချို့တွေက ကိုကို့နာမည်နဲ့ကျွန်တော့်နာမည်ကို ယှဉ်တွဲပြောတဲ့အခါမျိုးမှာတောင်မှပေါ့။ ဒီအတိုင်း အကိုကြီးပါလို့ ကျွန်တော်ကပဲ ဂရုတစိုက်နဲ့ ပြန်တမ်းထုတ်ပေးရတယ်။ တစ်ခါတစ်လေ ကျွန်‌တော်က အမျိုးသမီးတွေကိုလည်း သဘောကျတတ်ကြောင်းပြောရင်တောင် ကိုကိုက တိတ်ဆိတ်နေပေးတတ်တာပဲ။ နှစ်ယောက်တည်း မှားယွင်းစရာသိပ်ကောင်းတတ်တဲ့ နေဝင်ချိန်တွေမှာလည်း ကျွန်တော်သောက်လက်စ အအေးဗူးကပိုက်ကို သူ့နှုတ်ခမ်းမှာတေ့ပြီး ယူသောက်တက်သလို ကိုကိုသောက်လက်စ စီးကရက်ကို တစ်ဖွာလောက်ကောက်ဖွာပါဦးလို့ ပေးတတ်တဲ့ ကိုကိုကတော့ တကယ်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ကျွန်တော့် ရင်ဘတ်ထဲက အသံတွေမှာသာ တိုးလိုက်ကျယ်လိုက်နဲ့ပေါ့။

3)
ကျွန်တော်က ရှက်တက်တယ် .. အထူးသဖြင့် ကိုကိုရှေ့မှာဆို ပိုရှက်တတ်တယ်။ တစ်ခါတုန်းက သူ့ဖုန်းအားကုန်နေလို့ ကျွန်တော့်ဖုန်းကိုသုံးပြီး Website တစ်ခုကိုရှာတဲ့အချိန်မှာ မရည်ရွယ်ဘဲ ကျွန်တော့် Search History တွေကို မြင်သွားဖူးခဲ့တယ်။ အဲ့နောက်ပိုင်း သူခေါ်တဲ့ နာမည်က နှာဗူးလေး တဲ့။
အင်း... တကယ့်ကို တကယ်လို့ ကိုကိုနဲ့ အသွေးအသားကိစ္စဆိုတာ ရှိလာဖြစ်ခဲ့ရင် ကိုကို့ကို စိတ်မပျက်စေချင်လို့ ကျွန်တော့်မှာ အများကြီး လေ့လာထားရတဲ့အကြောင်း ကိုကိုမှမသိတာ။
ကိုကိုသိတာကတော့ ကျွန်တော်က နှာဗူးပါပေါ့။ အဲ့နောက်ပိုင်းကစလို့ ရှက်ကြောဟာ အဖြတ်ခံလိုက်ရတဲ့အကြောပဲ .. ဘဝမှာ ဒီထက်ရှက်စရာမှ မရှိတော့တာ။

You've reached the end of published parts.

⏰ Last updated: Apr 25, 2022 ⏰

Add this story to your Library to get notified about new parts!

နွေဦး နဲ့ ညWhere stories live. Discover now