I wanna

4.3K 305 19
                                    

နောက်​​နေ့မနက်​မိုးလင်း​တော့ သူမ​ဘေးနားမှမနိုး​သေးတဲ့ luhan ကို​တွေ့လိုက်​ရသည်

တဆက်​တည်းမှာပဲ ညကကိစ္စကိုသတိရ​တော့ လူက ပူထူလာသလိုလို

အ၀တ်​မရှိ​သောခန္ဓာကိုယ်​ကို ​စောင်​​လေးတထည်​ပတ်​ပီး​ရေချိုးခန်းထဲဝင်လိုက်သည်

*ညကကိစ္စကိုသူသတိပြန်​မရ​နေရင်​​ကောင်းမှာ*

ရေချိုး အ၀တ်​လဲပြီးတဲ့အထိ luhan က​တော့မနိုးလာ​သေး​တော့ သူမ မနက်​စာကို hotel က​အစားအစာမစားချင်​ဘဲ ကိုယ်​တိုင်​ချက်​ပြုတ်​စားချင်​လာတာ​ကြောင့်​ မနက်​စာချက်​ဖို့ အသီးအရွက်​အပြင်​ထွက်​၀ယ်​ခဲ့သည်

လက်​ထဲမှာအထုတ်​အစုံနဲ့ပြန်​လာတဲ့အချိန်​ထိ luhan ကမနိုး​သေးတာလား ? အခန်းထဲလဲမ၀င်​​တော့ဘဲ မနက်​စာချက်​ဖို့သာပြင်​​နေလိုက်​သည်​ ။ ​နောက်​လည်း တစ်​​ယောက်​တည်းစားရရင်​စားရမှာဆို​တော့ အကျင့်​ဖြစ်​​အောင်​လုပ်​ထားရ​တော့မယ်​​လေ

မနက်​စာချက်​ပြုတ်​ပြီးအကုန်​လုံးအဆင်​သင့်​ဖြစ်​​တော့

သူ့ကိုသွားနိုးလိုက်​ရင်​​ကောင်းမလား ​တွေးလိုက်​မိသည်

*မဖြစ်​​သေးပါဘူး.. သူ့မျက်​နှာမြင်​ရင်​မ​နေ့ကအဖြစ်​​တွေပြန်​​ပေါ်လာဦးမှာ*

တွေးတာနဲ့တင်​ ...ပါးပြင်​တစ်​ခုလုံးရဲတက်​လာသည်

သူကအဲ့​လောက်​ချစ်​ခဲ့တာမဟုတ်​ပါဘူး

ကျွန်​မကိုယ်​တိုင်​မိုက်​ရူးရဲဆန်​ခဲ့တာ...

*​တော်​ပါပြီတစ်​​ယောက်​တည်းစားတာပဲ​ကောင်းတယ်​*

ထမင်းပွဲကိုတစ်​​ယောက်​တည်းစားရတာ​တော်​​တော်​ပျင်း​ခြောက်​​ခြောက်​နိုင်​မှန်းအခုမှသိတယ်

သူမ​နေမ​ကောင်းခဲ့တဲ့အချိန်​​တွေက ​မေ​မေလည်း တစ်​​ယောက်​တည်းဒီလိုထမင်းစားပွဲမှာအ​တွေး​တွေနဲ့စားခဲ့ရမှာ​ပေါ့​နော်​ ...

မဖြစ်​​သေးပါဘူး ..ခုဆို ..ခရီးထွက်​လာတာဘယ်​​လောက်​မှမကြာ​သေး​ပေမယ့်​ ​မေ​မေတစ်​​ယောက်​တည်းပျင်း​နေ​တော့မှာ ပြီး​တော့ သူမ​သောက်​ဖို့​ဆေးဘူးကလည်းဒီ​နေ့​သောက်​ပြီးရင်​ကုန်​​တော့မှာ.အပိုယူလာဖို့လည်း​မေ့ခဲ့သည်

I will be YoursWhere stories live. Discover now