အပိုင်း - ၄ (Unicode)

95 10 82
                                    

ဒီတာဝလိမ်သာသို့ ဝင်လာကတည်းက တွေ့လိုက်ရသည့် အချောအလှတွေ...။

ထိုအချောအလှတွေ အကုန် တစ်ယောက်ကမှ စိတ်မှန်မှန် မရှိကြဘဲ ပေးလိုက်တဲ့ ဒုက္ခတွေ ထုနဲ့ဒေး..။

အခုတော့ ဟီရို အချောအလှတွေကို ကြောက်ရကောင်းမှန်း သိနေလေပြီ...။

" ထွက်လာခဲ့လို့ ပြောနေတယ်လေ..''

ဟီရို သူ၏ မှော်တုတ်တံကို အသင့် ကိုင်ထားရင်း ဘေးပတ်ပတ်လည်ကို ဝေ့ဝဲ ကြည့်နေမိ သည်..။

ထိုစဉ် အလင်းတစ်ချက် ဝင်းလက်ပြီး နီရဲရဲ ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အမျိုးသမီး
တစ်ဦးက ကောင်းကင်ယံမှ ဆင်းသက်လာသည်...။

ဒီအကွက်တွေကို ဟီရို တော်တော် စိတ်ကုန်နေ
လေပြီ..။ တိမ်ထုရဲ့အပေါ်က တာဝလိမ်သာပါဆိုမှ ဒီထက်ပိုပြီး အပေါ်ရောက်စရာ နေရာမရှိ တော့တာ တောင် ကောင်းကင်က ပျံကျလာတဲ့သူနဲ့...၊ ကောင်းကင်ကို ထိုးထွက် ပျံသန်းသွားရတဲ့သူနဲ့၊ တစ်ချိန်လုံး လေပေါ် ပျံဝဲနေရတာနဲ့..။

ဒါပေမယ့်လည်း အခုချိန်ထိ အနှေးပြကွက်နဲ့ ဆင်းလာနေတဲ့ အမျိုးသမီးကို သူ စောင့်နေရသည်။

S Hiro Be like;

" မစောင့်လို့ ဘာလုပ်ရမှာလဲ။ ဟိုအမျိုးသမီး အောက်မရောက်မချင်း အနောက်ကနေကြိုးဆွဲနေတဲ့ စာရေးသူဆိုတဲ့ကောင်က ငါ့အပိုင်း ထည့်မရေးပေးနိုင်သေးဘူးလေ..တွေ့လား..ဟမ်''

ကြွကြွရွရွ ဆင်းလာသည့် အမျိုးသမီး၏
ခေါင်းပေါ် တွင်တော့ 'တည်ထောင်သူ
User-Oo (ရှောင်လင်း)'' ဆိုသည့် နာမည်က လင်းထိန်နေ သည်..။

ဟမ်...တည်ထောင်သူ ရှောင်လင်း ဆိုပါလား။
ဒါဆိုရင်တော့ ရှီးဖော် ရှာဖွေရေးအစီအစဉ်အတွက် အားကိုးရလောက်သည်..။

ဟီရို သူ၏ မှော်တုတ်တံကို အသာအယာ လွဲရမ်း
၍ ဟန်ပါပါ သိမ်းဆည်းလိုက်သည်..။ အဝတ် အစား များကိုလည်း သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ထို တည်ထောင်သူ ရှောင်လင်းဆိုသည့် အမျိုးသမီးကို မိန့်မိန်ကြီး ကြိုဆိုလိုက်သည်..။

" တွေ့ရတာ အတိုင်းမသိ ဂုဏ်ယူမိပါတယ်။
ကျုပ် ဝူခုန်းပါ ''

ထိုအမျိုးသမီးက သူမ၏ ဆံနွယ်တွေကို လက်ဖျားလေးများဖြင့် သိမ်းဆည်းလိုက်ပြီး...

🎉 You've finished reading စွန်းဝူခုန်းနှင့် ရုပ်ချောဂိတ်ဆုံးများ (Complete) 🎉
စွန်းဝူခုန်းနှင့် ရုပ်ချောဂိတ်ဆုံးများ (Complete)Where stories live. Discover now