Part 27

998 58 0
                                    

Zawgyi
" ချစ်ရပါသောအရှင် "

အစချီလာပါသောစကားလေးကပင်လျှင်ချစ်ခြင်းအပြည့်ဖြင့်။

" အရှင်ဒီစာကိုဖတ်နေချိန်ဆို ချင်းအာဒီကမ္ဘာမြေပေါ်မှာမရှိတော့ဘူးထင်ပါရဲ့ ချင်းအာသိနေခဲ့ပါတယ်အရှင် အရှင့်ရဲ့ဆုံးဖြတ်ချက်ကပြန်လမ်းမရှိတဲ့ချောက်ထဲကိုပို့မယ်ဆိုတာ ဒါပေမယ့်လည်းအရှင့်ရဲ့စကားလုံးတိုင်းကိုချင်းအာကမြတ်နိုးလွန်းတော့ဘယ်လိုလုပ်ရပါ့အရှင်ရယ် အရှင့်ဆီကထွက်လာတဲ့စကားလုံးကချင်းအာအတွက်သေမိန့်ဖြစ်နေရင်တောင်မှပေါ့ ချင်းအာ အရှင့်ကိုပြောပြချင်တာတွေအများကြီးရှိတယ်အရှင် အင်း ချင်းအာပြောပြဖို့အခွင့်မရှိခဲ့တာတွေပေါ့ "

ပြောခွင့်မရှိခဲ့တဲ့စကားလုံးတွေဆိုတာဘာကိုပြောတာပါလိမ့်။မိဖုရားတစ်ပါးအနေဖြင့်ပြောခွင့်မရှိတာတော့မရှိခဲ့ဘူးဟုထင်ပါသည်။သို့သော်အဘယ်ကြောင့်များချင်းရယ်ကထိုသို့ရေးထားခဲ့ပါသနည်း။

" ချင်းအာက လျန်ဟွားတိုင်းပြည်ရဲ့မင်းသမီးတစ်ပါးဖြစ်တဲ့အလျောက်စိတ်ကြီးတယ်အရှင် ချင်းအာလိုချင်တာမှန်သမျှမရခဲ့တာမရှိခဲ့ဘူး အရှင့်အချစ်တွေကလွဲလို့ပေါ့ ချင်းအာကြီးပြင်းလာတဲ့တစ်လျှောက်မှာအမုန်းတရားဆိုတာ တစ်ခါမှမထိတွေ့ခဲ့ဖူးတဲ့အရာပါအရှင် ချင်းအာမုန်းတဲ့သူဆိုတာဒီကမ္ဘာပေါ်မှာမရှိပါဘူး ချင်းအာကိုအမုန်းတရားတွေထက် ချစ်ခြင်းတစ်ခုပေါက်ဖွားဖို့ကိုကံကြမ္မာကအရင်ဖန်ခဲ့တယ်အရှင် ကျိုးရှိးတောင်မှာ အရှင်နဲ့အတူရှစ်စွင်းတို့အားလုံးနဲ့တွေ့ဆုံခွင့်ရတာက ချင်းအာဘဝအတွက်အကောင်းဆုံးဆုလာဒ်တစ်ခုပါ နွေးထွေးတဲ့ချစ်ခြင်းတရားတွေကိုသာပေါက်ဖွားစေခဲ့တဲ့နေရာလေးပေါ့ သို့ပေမယ့်အရှင့်အတွက်သာသီးသန့်ပေါက်ဖွားခဲ့တဲ့အချစ်ကတော့ဆန်းကြယ်လွန်းခဲ့တယ် ချစ်ရသူပျော်ရွှင်ဖို့အတွက်ကိုယ့်ပျော်ရွှင်မှုကိုစွန့်လွှတ်ပေးလိုက်ရတဲ့အချစ်မျိုးလေ "

အချစ်အကြောင်းဝမ်ရိပေါ်အများကြီးနားမလည်ပါ။သူနားလည်သည့်အချစ်မှာနှစ်လုံးတည်းသာ။ရှစ်စွင်းဆိုသည့် သူ့ရဲ့ အသက် ။

Infinity ( Complete )Where stories live. Discover now