1

189 4 0
                                    

တိုက်ကြဟေ့......
စစ်သူကြီး ရန်သူတွေကျွန်တော်တို့ဆီဝင်လာနေပြီ ဘယ်လိုလုပ်ရမလဲ
တဲကြီးတစ်ခုအတွင်းတွင်
မှောင်မိုက်သောရောင်ဝါတွေနှင့်ပြည့်နက်နေပြီး လေထုအတွင်းမှအောက်ဆီဂျင်များမရှိတော့လောက်အောင်ထင်ရသည်။
ထိုရောင်ဝါများထုတ်လွင့် နေသောသူသည်
အေးစက်သည့်အကြည့်ကိုဖော်ပြထားပြီး
နှုတ်ခမ်းထောင့်စွန်းမှကော့တက်လာသည်။
မှန်ပါသည် ထိုလူသည်ပြုံးလိုက်သည်ဖြစ်၏။
ဟက် ဦးရီးတော်ချန်က ငါကိုအတင်းတွေသေစေချင်နေပါလား လွယ်လွယ်နဲ့တော့ဘယ်ရမလဲ
သူ့ကိုစစ်မြေပြင်ကိုလွတ်သူမှာ သူရဲ့ဦးရီးတော်ဖြစ်ကြောင်းသူသိသော်လည်း လျစ်လျူရှုထားသည်။
သူစစ်မြေပြင်ကိုထွက်လာရသည်မှာအကြောင်းရှိသည်။သူမှာစေ့စပ်ထားတဲ့ ကောင်မလေးရှိသည်။ထိုကောင်မလေးသည် သူ့ကိုချစ်ခင်နှစ်သက်ပါသော်လည်း သူကပြန်မကြိုက်ခဲ့ခြင်းဖြစ်ပေသည်။ အံ့အောစရာတစ်ခုမှာထို ဟွားရုံဆိုတဲ့ကောင်မလေးသည် အေးစက်စွာဆက်ဆံခြင်းကိုခံရသော်လည်း သူ့အပေါ်မှာလက်မလျော့သွားပေ။ သူ့ရဲ့ဦးရီးတော်က ဟွားရုံကို
ကြိုက်နေသောကြောင့် သူ့ကိုသေစေချင်ခဲ့သည်။ ပြီးတော့သူသည်သာထီးနန်းဆက်ခံရမည့်သူဟုတ်သောကြောင့်ဖြစ်၏။သူသေခဲ့လျှင်
ဟွားရုံနှင့်သူရဲ့မိဘများပါ ပျက်စီးမည်ဖြစ်သည်။
20 minute later........
စ... စ စစ်သူကြီး ဘယ် ဘယ် လိုလုပ်ကြမလဲ
သူ့ကိုတင်ပြသောရဲမက်စစ်သည် သည်ကြောက်ဒူးတုန်နေပါပြီ။ အဘယ်ကြောင့်ဆိုသော်စစ်သူကြီး ရှင်းရဲ့ ဘေးမှာအေးစက်ပြီးသတ်ဖြတ်မဲ့အရိပ်အယောင်တွေကိုခံစားရသောကြောင့်ဖြစ်တယ်။
စစ်သူကြီး ... စစ်သူကြီး
ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ
ဟင်းးးးးးးးးးးးး
ငါတို့အသေခံတိုက်ကြတာပေါ့ကွာ။ရဲမက်တွေပြင်ဆင်ထားကြ။ ငါတို့ရဲ့သတိကိုမပေါ့စေနဲ့။
သူတို့ရဲ့နည်းဗျူဟာတွေကိုဆွေးနွေးဖို့လူ2ယောက်ကိုသွားခေါ်ခိုင်းလိုက်သည်။
သူရဲ့လူယုံ ဆန်းမင်နဲ့ ကျားယု
သူတို့က အသေခံလူယုံတွေပဲဖြစ်သည်။နှစ်ယောက်လုံးကစကားနည်းသူတွေမို့ အထင်မသေးကြနဲ့။တိုက်ရည်ခိုက်ရည်က
လူတစ်ယောက်ကို စစ်သည်2000နဲ့ချနိုင်တယ်။ ငါကကောဟုတ်လား။အမ် ငါကစစ်သည် 4000လောက်ပေါ့ကွာခန့်မှန်းချေအတိုင်းဆိုရင် လူဘယ်လောက်လာလာငါမကြောက်ဘူး။ ဒါပေမဲ့ ငါကနတ်ဆိုးတွေတော့ကြောက်တယ်။ မမြင်ရလို့လေ။ထားပါတော့။
ငါတို့တိုက်မဲ့အချိန်ရောက်ရော။
ငါကတိုက်နေတုန်း ရန်သူတပ်ဖွဲ့မှာနတ်ဆိုးတွေပါလာတယ်။သာမန်လူနဲ့နတ်ဆိုးတွေဆိုတော့စဥ်းစားကြည့်လေ။ ငါသေပြီပေါ့။
ဓားအချောင်းပေါင်းများစွာကစစ်သူကြီးရဲ့ကိုယ်ခန္ဓာကို ထိုးဖောက်သွားတယ်။အဲ့အချိန်မှာစစ်ရှုံးသွားပြီမှန်း။ရှင်းထျန်းသိလိုက်တယ်။
နောက် သူ့ရဲ့ဝိညာဥ်က ရှင်းထန်းဆိုတဲ့နာမည်တူ ကောဆီမှာသွားဝင်စားတော့တယ်။
သူနိုးလာတော့ ကြားလိုက်ရတဲ့အသံက အေးတိအေးစက် စက်ရုပ်သံပဲဖြစ်တယ်။

ထျန်းထျန်းက ငါ့ကိုကြိုက်သွားတယ် ဘယ်လိုဖြစ်နိုင်မှာလည်း(oc)Where stories live. Discover now