အပိုင်း ( ၃ ) / အပိုင္း ( ၃ )

6.4K 368 2
                                    

Unicode
အပိုင်း ( ၃ )

" မောင်!! "

သက္ကရာဇ် ညီမင်းကားပေါ်ကဆင်းသွားတာ အရမ်းကြာနေတာကြောင့် စိတ်မရှည်ကာ သူပါလိုက်ဆင်းသည်။ သူဆင်းဆင်းခြင်းမှာပင် တွေ့လိုက်ရတာက ကတ္တရာလမ်းမကြီးပေါ်မှာ ခြေထောက်လေးခွေကာထိုင်ပြီး တစ်ကိုယ်လုံးတုန်ယင်နေကာငိုနေတဲ့ဆယ်ကျော်သက်ကောင်လေး။ ထိုကောင်လေးရဲ့မျက်နှာကို ဘေးတစ်စောင်းသာမြင်နေရပေမဲ့ ထိုမြင်ရတဲ့ကောင်လေးရဲ့ပါးပေါ်က မှည့်အနက်လေးနှစ်လုံးကြောင့် ထိန်းချုပ်မရတော့တဲ့ နှလုံးခုန်သံ​တွေက သက္ကရာဇ်ကို ကြောက်လန့်စေသည်။ ထိုစဥ် သူ့ရှေ့ကကောင်လေးက သူ့ကိုမြင်သွားသည်။ အတိတ်က သူ့အတွက် ချစ်ရသူဆီမှအရမ်းကြားချင်လွန်းတဲ့နာမ်စားလေးကို ခေါ်ကာ ထိုကောင်လေးသည် သူ့ကိုပြေးဖက်လာသည်။ သက္ကရာဇ် ထိုကောင်လေးကို တွန်းမထုတ်မိ။ သို့သော် ပြန်ပြီးလည်း ဖက်မထားပေ။

" ဟင့် သားက မောင့်ကို စောင့်နေတာ မောင်ပြန်လာခေါ်မဲ့အချိန်ကို စောင့်နေတာ ဟင့် "

" အ...အချစ်လား?...... "

သက္ကရာဇ် ခပ်တိုးတိုးလေး မယုံကြည်နိုင်စွာ ရေရွတ်မိသည်။ ထိုစဥ် သူ့ရင်ခွင်ထဲကနေပျော့ခွေကာ မြေကြီးပေါ်ကိုလဲကျတော့မဲ့ခန္ဓာကိုယ်လေးကြောင့် သက္ကရာဇ်အမြန်ဖမ်းထိန်းလိုက်သည်။ ထို့နောက် သက္ကရာဇ် သူ့လက်ထဲကကောင်လေးကို ပွေ့ချီကာ ကားပေါ်တင်သည်။ ညီမင်းလည်း Boss ကားပေါ်တက်သည်နှင့် သူလည်း ကားပေါ်တက်ကာထိုနေရာကနေ ထွက်ခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~

" Boss ကျွန်တော် ဘယ်ကိုမောင်းရမလဲ "

" အင်း.........ဒီနားကအနီးဆုံးကုန်တိုက်တစ်ခုကိုမောင်းလိုက် ပြီးတော့ ဒီနေ့ချိန်းထားတာတွေအကုန်လုံးကို ဖျက်လိုက် "

" ဗျာ Boss ဒါပေမဲ့ .......... "

ညီမင်း Boss စကားကြောင့် ကားနောက်ကြည့်မှန်ထဲကနေ Boss ကိုအလန့်တကြားကြည့်သည်။ သူ့ပေါင်ပေါ်မှာကလေးတစ်ယောက်လိုအိပ်ပျော်နေ မဟုတ် သတိလစ်နေတဲ့ကောင်လေးကို နူးညံ့စွာကြည့်နေတဲ့ Boss ကြောင့် ညီမင်းဆက်ပြောမဲ့စကားများဟာ လည်ချောင်းထဲမှာပင်ရပ်တန့်သွားသည်။ သူတို့ Boss မှာ ဒီလိုနူးညံ့လွန်းတဲ့မျက်လုံးတွေရှိလိမ့်မယ်ဆိုတာကို သူတို့တကယ်မသိခဲ့ပေ။

မောင့် မြတ်နိုးရာ ( မောင့် မြတ်နိုးရာ ) [ Completed ]Where stories live. Discover now