CHAPTER 11

2.2K 72 4
                                    

UNICODE

ရှဲ့စုရှင်းကြောင့်သူမပခုံးမှာဒဏ်ရာရခဲ့ကာ..ချူရုံတန်က အိမ်ထဲမှာသုံးရက်ကြာလေ့ကျင့်ခဲ့ပြီးမှသူမ၏ ဒဏ်ရာ အနည်းငယ် သက်သာလာခဲ့သည်။

ထိုအတောတွင်း..ရွှမ်ချီကသူမကိုအကြိမ်များစွာတွေ့ခွင့် တောင်းခဲ့ပေမယ့်ချူရုံတန်သူ့ကိုခွင့်မပြုခဲ့ဘူး။

သူမအခြေအနေကိုကောင်းစွာထိန်းချုပ်ပီးနောက်သူမက ဝမ်ကျင်းအကြောင်းစုံစမ်းလိုက်သည်။ဝမ်ကျင်းကနှစ်ဝက် လောက်ကျင့်ကြံဖို့ရှိနေပြီး မုချောင်ချောင်ကိုတော့... ဂိုဏ်းချုပ်ချင်ရွှင်ဆီကိုလွှတ်ကာပညာသင်စေသည်။

ဂိုဏ်းချုပ်ချင်ရွှင်ကဝမ်ကျင်းသူငယ်ချင်းဟောင်းဖြစ်ပြီးအ လွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိသည်။ ဝမ်ကျင်းကသူ့သူငယ် ချင်းဂိုဏ်းချုပ်ချင်ရွှင်ကမုချောင်ချောင်ရဲ့ကျင့်ကြံမှုမှာနည်း အချို့သင်ကြားမျှဝေပေးဖို့မျှော်လင့်ခဲ့သည်။

"မုချောင်ချောင်ရဲ့ဆန်းကြယ်လှပတဲ့ဘဝ"စာအုပ်ထဲမှာဒါကလဲအဓိကဇာတ်လမ်းလှည့်ကွက်တစ်ခုဖြစ်သည်။ ဂိုဏ်း ချုပ်ချင်ရွှင်ဆီကိုသွားတဲ့လမ်းမှာ မုချောင်ချောင်က လင်ကျန်းလှို့ဝှက်နယ်မြေထဲကလမ်းမှာဝင်သွားပြီးတော့.. နတ်ဆိုး-လူတစ်ပိုင်းကျူယွီကိုကယ်တင်ခဲ့ပီးနောက်သူတို့ နှစ်ဦးချစ်ကြိုက်ခဲ့တယ်။အဲဒိ့မှာလွင့်မျောအလင်းကုန်းမြေ ရဲ့လှို့ဝှက်ချက်အချို့ကိုရရှိခဲ့ပီးလင်းချီဇီအကူအညီနဲ့ ဆေးလုံးကိုအောင်မြင်စွာဖော်စပ်နိုင်တဲ့အဆင့်ထိတိုးတက် သွားခဲ့တယ်။

ချူရုံတန်..တစ်နေ့ဝမ်ကျင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုတာသိတာမို့..သူမကျင့်ကြံမှုအမြန်တိုးတက်လာဖို့လိုတာ ကောင့်ဒီအခွင့်အရေးကို အသုံးချဖို့တွေးလိုက်သည်။

ချူရုံတန်ကအမြန်ခရီးထွက်ဖို့ပြင်ဆင်ပြီးအဝင်ပေါက်တံခါး ဆီကိုသွားလိုက်သည်။လှို့ဝှက်တံခါးစောင့်တဲ့သူက....

"ဒုတိယအစ်..တောက်ဖူကျင့်ကြံရေးတောင်ကိုသွားမလို့လား..?"

ချူရုံတန်ကနူးညံ့စွာပြုံးရင်း.."အင်း..တကယ်တော့..အဲဒိ့ မှာရှုခင်းကြည့်ပီးလှေသွားစီးမလို့ပါ.."

(+18)Dual CaltivationWhere stories live. Discover now