အပိုင်း(၅)

2.5K 165 2
                                    

ဖေဖေနှင့်မေမေပြန်သွားပြီးထဲက ပင်တိုင်တို့အလုပ်ရှုတ်နေခဲ့သည်။ ပင်တိုင်နှင့်လျှမ်းက luggageအဆင်သင့်ပေမို့ အများအပြားမပြင်ဆင်လိုက်ရချေ။ luggageများကို အိမ်အပေါက်ဝ၌ချပြီး ခုံနှင့်ထိုင်ကာ အလုပ်ရှုတ်နေသည့် လူများကိုကြည့်နေခြင်းဖြစ်သည်။

" ပိန္နဲသီးတွေကို မပိစေနဲ့ "

" ဟုတ်ကဲ့ဆရာ "

ဦးအိမ်၏အသံကြောင့် ပင်တိုင် ဖုန်းသုံးနေ ရာမှမော့ကြည့်လိုက်သည်။ ဦးအိမ်က မနက်ကအဝတ်အစားနှင့်မဟုတ်၍ ရေချိုးလာဟန်ရသည်။ ပုဆိုးကွက်စိပ်နက်ပြာရောင်နှင့် ထုံးစံအတိုင်း မြင်းခေါင်းလက်တိုစွပ်ကျယ်ကိုဝတ်ကာ သားရေစိမ်းဖိနပ်ကိုစီးထားလေသည်။

ဦးအိမ်က ခန့်ညားတည်ကြည်သည်။ ဒီလိုရိုးရိုးရှင်းရှင်းဝတ်ထားလည်း သူဌေးသူကြွယ်ရုပ်ပေါက်သည်။

ဦးအိမ်က သူ၏တပည့်ကတုံးနှင့်ကောင်လေး လေးယောက်ကို ပိန္နဲသီးတွေကိုဂရုစိုက်ရန်လှမ်းပြောနေသည်မို့ ပင်တိုင်တို့ဘက်ကိုကြည့်မလာချေ။ ထိုလေးယောက် သယ်လာသော ဝဝဖိုင်း
ဖိုင်းပိန္နဲသီးလေးလုံးသည် မှည့်ပါကာ မွှေးအီနေမည်‌ဖြစ်ကြောင်း တွေးကြည့်စရာပင်မလိုချေ။

" အကိုတို့ ကျွန်တော် အိတ်တွေယူသွားပြီး ကားပေါ်တင်လိုက်မယ်နော် "

" အင်း "

သက်နိုင်က မနိုင်မနင်းနဲ့ အိတ်လေးလုံးကိုဆွဲနေသည်မို့ မကြည့်ရက်သည့် မာန်ဟုမ်ကပဲ ကူညီပေးရပါတော့သည်။ ဟိုငတိနှစ်ယောက်ကတော့ ချိတ်ထားသည့်ခြေထောက်ပင်မဖြုတ်ဘဲ ဖုန်းကြည့်မြဲ။

တကယ် အားနာရကောင်းမှန်းမသိ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရသည့် သူဌေးသားတွေမှန်းသိသာသည်။ ဝိုင်းကူခြင်းမရှိသည့်အပြင် ယဉ်ကျေးသည့်အမူအရာတွေပါမရှိချေ။

လူကြီးတွေ မျက်စိဆံပင်မွှေးစူးချင်စရာ!

ကိုယ့်တပည့်တွေမို့  မျက်နှာပျက်ခြင်းမရှိဘဲ ကူညီပေးတာထားပါတော့ သူများဆို
တကယ့်ရိုက်ပေါက်တွေ!

" ပေးသက်နိုင် "

" ရပါတယ် ဆရာရဲ့ ကျွန်တော်နိုင်ပါတယ် "

မေတ္တာကြိုးနှင့်ချည်သော တိုင်(Complete)Where stories live. Discover now