part - 1

12.2K 228 53
                                    

💘သီတာမုန်းတဲ့ ...ချစ်လူကြမ်း💘

~အပိုင်း_1~
💘💘💘💘💘

"တီး...တီး...တီး!!!!"

ရှေ့ရောနောက်ရောတန်းဆီနေတဲ့ကားခုနှစ်စီးပေါ်က
စိတ်မရှည်သလို...သတီးတီးနဲ့ဟွန်းတီးသံတွေ
ဆူညံနေသည်။
ဂိတ်လိုပိတ်ထားတဲ့ နေရာတစ်ခုမှာ
ဆေးလိပ်တွေသောက်ပြီး...အကောင်းစားသေနတ်ကြီးတွေ
လွယ်ထားတဲ့ ရုပ်ကြမ်းကြမ်းနဲ့လူဆယ်ယောက်လောက်က
တစ်ကားပြီးတစ်ကား သေချာစစ်ဆေးနေ၏

ထိုနေရာက..နယ်စပ် မြို့တွေ...ဥပဒေမရှိသော
ကုန်ကူးရာနေရာတွေကိုသွားတဲ့...လမ်းဆီကို
ပိတ်စောင့်ပြီး ငွေတောင်းခံနေတဲ့ လက်နက်ကိုင်
အဖွဲ့၏ကျက်စားရာနေရာတစ်ခုပင်...

"ပိုက်ဆံ...."

ကားထဲကလူကပိုက်ဆံလှမ်းပေးတာနဲ့
လက်နဲ့ပြကာထွက်ခိုင်းလိုက်သည်။
ထပ်ရောက်လာတာက မီးခိုးရောင်ကားတစ်စီး...

"ဘယ်သွားမှာလဲ"

"ပဒီမြို့ကိုပါ"

စစ်မေးနေတဲ့ လူက မျက်မှောင်ကြီးတွန့်ပြီး
ကားထဲလှမ်းငုံ့ကြည့်သည်။
ကွမ်းတွေနီရဲနေအောင်စားထားတဲ့ကားမောင်း
သမားကြီးရဲ့ဘေးမှာ...19နှစ်ခပ်ငယ်ငယ်
ကောင်လေးတယောက်ကိုတွေ့သွားတာကြောင့်   ...

"သူကကောဘယ်သူလဲ ဘာကိစ္စပဒီမြို့ကိုသွားမှာလဲ"

"ကုန်သွယ်ကိစ္စပါ. .ဒါ ကျွန်တော်ညီလေးပါ"

ထိုလူက တော်ရုံလွှတ်မပေးပဲ ရစ်ချင်နေတဲ့ပုံပင်...
ထိုကားဘက်ကနေခွာပြီး ထိုင်နေတဲ့လူငယ်လေးရှိရာ
ဘက်လျှောက်လာကာ....

"မင်းခေါင်းမော့စမ်း"

"................."

လျှာထိုးဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းထားသည့်
ထိုလူငယ်လေးကမလှုပ်မရှက်ထိုင်နေဆဲမို့
အပြင်ကဂိတ်စောင့်ဒေါသထွက်လာသည့်ဟန်

"မင်းကိုခေါင်းမော့လို့ပြောနေတယ်နားမပါဘူးလား"

အတန်ကြာမှ ခပ်ဖွဖွသက်ပြင်းချသံနဲ့အတူ
ထိုလူငယ်လေးက ခေါင်းမော့လာသည်။

"ဟ...."

စစ်နေတဲ့ ဂိတ်စောင့်က အသြသွားသည့်ပုံနှင့်
ဟာခနဲဖြစ်ကာ...

Has llegado al final de las partes publicadas.

⏰ Última actualización: May 03, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

သီတာမုန်းတဲ့ချစ်လူကြမ်း (oc)Donde viven las historias. Descúbrelo ahora