အခန်း (၇) Unicode+Zawgyi

177 34 5
                                    

Unicode

မသောက်ဖူးပဲ သောက်လိုက်သည့် အရှိန်ကြောင့် စာသင်ခန်းထဲ အထိကို မူးဝေဝေ ဖြစ်နေဆဲ။
ညကဘယ်လိုအိပ်ပျော်သွားမှန်းတောင်မမှတ်မိသည့်အပြင် ချော်လဲပြီး နှုတ်ခမ်းပါ ပေါက်‌သွားသေးတယ်တဲ့။
သက်ဦးစံကတော့ ပုံမှန်အတိုင်းလန်းလန်းဆန်းဆန်းပင်။

""ဒီနေ့တော့ ကိုလာမသောက်နဲ့ သံပုရာရေသောက်
အိမ်ကဖျော်ခဲ့ပေးတာ ရော့ ""

""အေးကျေးဇူး ""

""နောက်တသက်လုံး မသောက်နဲ့တော့""

""ပထမဆုံးမို့ပါကွာ နောက်ကျသောက်နိုင်သွားမှာ ""

""အရက်သမားဆို မပေါင်းရဘူးတဲ့အမေက ""

ခေတ်လင်းသစ်က မျက်စောင်းကြီးလှမ်းထိုးသဖြင့် စတာဆိုပြီး ပြန်ဖြည်ရသည်။ သူက ဒါမျိုးတော့ နည်းနည်းလေးမှ အတိမ်းအစောင်းမခံချေ။

""ညက‌ ငါတကယ်ဘာမှမဖြစ်ခဲ့ဘူးလား
အိမ်မက်လိုလို ဘာလိုလို‌တော့ မက်သားကွ
တယောက်ယောက်နဲ့ နမ်းနေသလိုမျိုးလေ ""

""နမ်းရအောင် မင်းမှာ ဘာရည်းစားရှိလို့လဲ ""

""အဟမ်း မနေ့က ငါအရမ်းချောနေတော့ မင်းများခိုးနမ်းရော့သလား ""

""ပေါက်ကရကွာ ""

ရုတ်တရက် ဘာဆက်ပြောရမှန်းမသိတော့သဖြင့် မုန့်ဈေးတန်းသွားဦးမယ်ဆိုပြီး ထလာလိုက်ရသည်။
သီလတွေကတော့ တစ်ပါးပြီးတစ်ပါးကို ကျိုးနေတော့တာပဲ။
လိမ်တာမှာ အားနည်းလို့ သူ့ကိုဆက်စနေရင် ပေါ်သွားတော့မှာ။
မုန့်ဈေးတန်းရောက်တော့လည်း ဘာလုပ်ရမှန်းမသိ။
ခေတ်လင်းသစ် သောက်နေကျ လေးရာတန် ကိုလာဗူးလေးပဲ ဝယ်သောက်လိုက်သည်။

""ဖွီး စူးလိုက်တာ
ဒါကြီးကို ဟိုကောင်က ဘာကြိုက်လို့သောက်တာလဲ ""

ကိုလာဗူးကို ပြန်ပိတ်လိုက်ပြီး အခန်းပြန်ရောက်မှ ခေတ်လင်းသစ်ကို ပဲ တိုက်လိုက်ဖို့ စိတ်ကူးလိုက်သည်။
ဒီနေ့က တနင်္လာနေ့မို့ ခေတ်လင်းသစ်အမေ အိမ်မှာ ရှိသဖြင့် သွားအိပ်စရာတော့ မလိုချေ။
ဒီရက်ပိုင်းတော့ ခေတ်လင်းသစ်နှင့် ဝေးနိုင်သမျှဝေးဝေးမှာ သူနေချင်သည်။ နှလုံးသားက ပြောတဲ့အတိုင်း လက်ခံလိုက်ဆိုပေမယ့် ဆရာမတွေ ပြောသလို ဒီအရွယ် စိတ်ကစားတာ ဖြစ်နေရင်ရော။ ခေတ်လင်းသစ်ပေါ် ခံစားချက်တွေက အဲ့လိုပေါ့ပျက်ပျက်သာဆို သူ့အပေါ် အများကြီး အားနာနေရမည်။
ခဏလောက်တော့ သိမ်းထားနိုင်ကောင်းပါရဲ့။
နေ့ခင်းနားချိန် ကုန်ခါနီးမှ အခန်းထဲ ပြန်သွားလိုက်သည်။

𝐖𝐡𝐞𝐧 𝐲𝐨𝐮 𝐥𝐨𝐯𝐞 𝐬𝐨𝐦𝐞𝐨𝐧𝐞 (Ongoing)Opowieści tętniące życiem. Odkryj je teraz