MOLBG♥1♥

1.6K 131 63
                                    

Unicode
ခွဲစိတ်ခန်းထဲက
စိုးရိမ်စရာအနေအထား။
seoulမြို့ရဲ့နာမည်ကြီးပုဂ္ဂလိကဆေးရုံဟာ အမေရိကန်လိုလူနေမှုအဆင့်အတန်းစီးပွားရေး အစစအရာရာကမ္ဘာကြီးကိုဦးဆောင်နေတဲ့ နိုင်ငံမျိုးမှာ ဘွဲ့တွေအထပ်ထပ်ရ ရှိထားတဲ့ပါရဂူတွေသာစုဝေးနေတာ။ဆေးရုံအုပ်ကိုယ်တိုင်ဟာလည်းနိုင်ငံခြားသားဖြစ်နေတော့ ဆေးရုံအတွင်းဆေးဝါးကိရိယာများ..လူနာများအတွက် နည်းစနစ်ကျတဲ့ကုသထိန်းသိမ်းမှုတွေကို ပိုအလေးပေးသည်။ယခုအခါမူ အဆင့်မြင့်စက်ကိရိတွေနဲ့ခွဲစိတ်မှုပြုလုပ်နေတဲ့ခွဲစိတ်ခန်းထဲမှာအထွေထွေခွဲစိတ်ဆရာဝန်များ..အစာအိမ်နဲ့အစာရေမျိုပြွန် စတဲ့ကိုယ်တွင်းရောဂါအထူးကုသပေးသည့်ဆရာဝန်များနဲ့ ခွဲစိတ်ခံနေရသောလူနာဘေးအုံခဲနေသည်။လူနာကိုယ်တိုင်အပ်ထားသောဆရာဝန်က အဓိကနေရာမှာဝင်ယူပြီး ခွဲစိတ်မှုပြုလုပ်နေသည်။ဤခွဲစိတ်မှုဟာ အမှားအယွင်းသေးသေးလေးတခုဖြစ်ရင်တောင်လူနာအတွက်အသက်ရှင်နိုင်မည့်ရာခိုင်နှုန်းက အတော်လေးနည်းပါးနေ၍ အာရုံစိုက်ထားရသည်။ခွဲစိတ်လိုက်သည့်လူနာတိုင်း ကံကောင်းလွန်း၍အသက်ရှင်ခဲ့သောလူနာဟာ အတော်ရှားသည်။ကြီးမားတဲ့ခွဲစိတ်မှုကြောင့်
ပါရဂူကြီးမှာ ချွေးပြန်နေသည်။လူနာတဦးအသက်ရှင်သွားခဲ့ရင် ရရှိမဲ့အကျိူးခံစားခွင့်က
ပိုက်ဆံတွေများစွာထက်တန်ဖိုးရှိတယ်။

သွေးပြန်ကြောနဲ့မလွတ်တဲ့အခါ ချွတ်ချောမှုကြောင့်သွေးတွေကမျက်နှာထက်ဖြာပန်းလာသည်။

"သွေးတွေထွက်နေတယ်...မဖြစ်ဘူး..သူအရမ်းအထွက်လွန်သွားရင် အချိန်ကပိုနည်းလာလိမ့်မယ်..."

"BP တွေလည်းအရမ်းမြန်နေတယ်...နှလုံးခုန်နှုန်းကိုတချက်စစ်ကြည့်ပါဦး.."

"ထိန်းလို့မရဘူးဆရာ...ခွဲစိတ်မှုကအဆုံးထိမပြီးသေးဘူး..ကင်ဆာဆဲလ်တွေကိုဖယ်ထုတ်ဖို့ဆို မှီပါ့မလားမသိဘူး..."

"မေ့ဆေးအရှိန်ထပ်ပေးထားလိုက်...ဆရာကျွန်တော်တို့လူလဲပြီးခွဲစိတ်ရင်ပိုကောင်းမယ်.."

လူလဲသည်ဆိုကတည်းက ပထမခွဲစိတ်တဲ့ဆရာဝန်ရဲ့ မတတ်ကျွမ်းမှုကြောင့် ဆိုတာ အားလုံးသိနေ၍ ပါရဂူကြီး မဖြစ်ဖြစ်အောင်လုပ်မည်ဆိုသည့်စိတ်နဲ့ဆက်၍ ကြိုးစားကြည့်တဲ့အခါ သွေးထွက်လွန်နေတဲ့လူနာဆီမှသွေးတွေထပ်ပန်းလာသည်။

My Only Little Bad Guy🖤🖤{One shot}Where stories live. Discover now