MOLBG♥Final♥

1K 120 36
                                    

.Unicode
နေရောင်ဝါဝါတို့က ခပ်မှိန်မှိန်သာထွန်းလင်းနေသည်မှာ နွေဦးရာသီဖြစ်သည့်အလျောက် သာယာတဲ့နေ့လေးတနေ့လို့ဆိုနိုင်တာပေါ့။လမ်းဘေးသစ်ပင်တွေရှိဟောင်းနွမ်းသွားကြတဲ့သစ်ရွက်တချို့ကလည်း မြေပြင်ပေါ်ပျံသန်းကာကျ။
ကော်ဖီဆိုင်လေးထဲနွေဦးရဲ့အငွေ့အသက်အပြည့်ကို ခံစားနေသူတဦးဟာ ကော်ဖီလေးတခွက် စာအုပ်လေးတအုပ်လည်းအဖော်ပါရှိ​သေးတာပေါ့။ကော်ဖီချိုချိုလေးတခွက်ကို တငုံသောက်နေသော်လည်း.ဂျူတီကုတ်အဖြူလေးကို အနားချထားသူဟာ အကြည့်တွေကို စာအုပ်လေးမှမခွာ။ဆရာဝန်တယောက်ဖြစ်သွားပြီဆိုတာဆေးပညာနဲ့ပတ်သတ်ပြီးလေ့လာစရာကုန်သွားပြီလို့ပြောချင်တာမဟုတ်ဘူး။ဆေးဝါးတွေလည်းနည်းပညာမြင့်မားလာသလို ရောဂါသစ်တွေကလည်းပေါ်ပေါက်လာတာမို့ အချိန်တိုင်းဖတ်ရှုမှတ်သားနေမှရမည်။

ဆိုင်လေးက အထဲမှာသစ်ပင်လေးတွေလည်းစိုက်ပျိုးထားသေးတော့ သူအကြိုက်တွေ့သွားတာနှင့် စိတ်လည်းအပန်းဖြေရင်းစာအုပ်လည်းလာဖတ်နေကြဖြစ်သည်။

ထိုကော်ဖီဆိုင်လေးရဲ့ပုံစံအနေအထားတင်မျက်စိအေးစေတာမဟုတ်ချေ။နေ့တိုင်းကားလမ်းကိုမမြင်ရသည့်ခပ်ဝေးဝေးမှာ ထိုတနေရာထဲမှာထိုင်ကာ အေးအေးဆေးဆေးစာထိုင်ဖတ်တတ်သည့် ဆရာဝန်လေးတဦးကလည်း ကော်ဖီလာသောက်သူများပါ ဆွဲဆောင်နိုင်သည်။ခေတ်မရှိတော့သောအရောင်မှိုင်းမှိူင်းတွေသာဝတ်တတ်သော်လည်း အေးချမ်းသည့်ပုံသဏ္ဍာန်ကိုဆောင်သည်။

ပတ်ဝန်းကျင်ကလည်း ဆိတ်ငြိမ်နေသလို စာဖတ်သည့်သူ့စိတ်အနေအထားကလည်း ပိုကောင်းမွန်လာသည်။ထိုအချိန်နားထဲပျံ့ဝင်လာတဲ့မိန်းကလေးနဲ့ယောကျ်ားလေးတို့ရဲ့ခပ်နှောနှောရယ်သံတွေကပတ်ဝန်းကျင်တိတ်ဆိတ်တော့ပိုကျယ်လောင်သည်။စာကိုသာဆက်ဖတ်နေပေမဲ့ ရယ်သံတွေ..ရည်းစားနှစ်ယောက်လို့ထင်ရသည့် ကျီစယ်သံတွေက ကြာလာပါများတော့ အာရုံထွေကုန်သည်။စာထဲသိပ်မပါတော့၍ အသံလာရာကိုခန့်မှန်းပြီးကော်ဖီဆိုင်တပျံ့ကြည့်မိသည်။

မီနူးစာအုပ်ကိုနှစ်ယောက်အတူတူကြည့်ရင်း ရယ်မြူးနေကြတဲ့ချစ်သူနှစ်ဦးကြောင့် ဘာရယ်မဟုတ်ပြုံးမိသည်။ကောင်မလေးနဲ့နည်းနည်းကွယ်နေတာမို့ကောင်လေးရဲ့မျက်နှာကိုသိပ်မမြင်ရဘူး။သို့ပေမဲ့ နားထဲကောင်လေးရဲ့ရယ်သံကိုပိုကြားမိတာမို့ သူလည်းစိတ်မပါပဲနဲ့မျက်လုံးကခဏခဏရောက်သွားမိသည်။ကောင်မလေးတနေရာထထွက်သွားတော့ တယောက်တည်းကျန်ခဲ့တဲ့ကောင်လေးကို ပန်းအိုးလေးတွေကြားမှကြည့်နေမိသည်။အားမရတဲ့စိတ်​ကြောင့် ပန်းရွက်လေးတွေကိုလက်နဲ့ဖယ်ကြည့်မိသည်။လက်စွပ်တွေလက်ချောင်းတိုင်းစွပ်ထားလျက် မေးထောက်ကာ အပြင်ဘက်ကိုငေးလိုက်..ဖုန်းကိုကြည့်လိုက်နဲ့ ကောင်မလေးကတယောက်တည်းထားခဲ့တော့မနေတတ်လို့ဖြစ်မယ်။

My Only Little Bad Guy🖤🖤{One shot}Where stories live. Discover now