다섯 ° 끝 °

1.9K 205 65
                                    

Unicode

ချစ်ခြင်းတရားငယ်လေးရဲ့အမည်နာမကိုမသိခဲ့သေးစဉ်က 'ပါးချိုင့်တစ်ဖက်ကောင်လေး' လို့သူအမည်ပေးခေါ်တွင်ခဲ့သည်။

ပါးချိုင့်တစ်ဖက်ကောင်လေး

သူ့ရဲ့နှလုံးသားထဲကိုဝင်လာခဲ့တဲ့ သူချစ်ရတဲ့အမျိုးသားငယ်လေး။

အသားဖြူဖြူဖွေးဖွေးလေးနဲ့ မှည့်နက်လေးနဲ့အတူ ရယ်လိုက်ရင်တစ်ဖက်ဘဲရှိတဲ့ပါးချိုင့်လေးခွက်ဝင်သွားတတ်တဲ့ကောင်လေးကို သူစရင်ခုန်ခဲ့တာ အလှပဆုံးမြင်ကွင်းတစ်ခုကြောင့်ဖြစ်မယ်ထင်ပါရဲ့။

ရေခဲပြင်ပေါ်မှာ figure skating ကိုလှပသေသပ်စွာ စီးနေတဲ့ 9 နှစ်အရွယ်ကောင်လေးကိုစမြင်ခဲ့စဉ်က အသက်ရှုဖို့ထိမေ့လျော့သွားခဲ့သည်ကိုသူမှတ်မိသေးသည်။

မကျွမ်းကျင်‌သေးပေမယ့် ခဏတိုင်းလဲကျနေပေမယ့် သူ့အတွက်တော့ထိုမြင်ကွင်းကအဖိုးတန်မြင်ကွင်းဖြစ်ခဲ့သည်။အဓိကကတော့သူ့ရဲ့အပြုံးတွေကြောင့်ဖြစ်မည်ထင်။

ဒီလိုနဲ့သူဟာ သူ့ရဲ့ပါးချိုင့်တစ်ဖက်ကောင်လေးရဲ့အလှပဆုံးမြင်ကွင်းကိုကြည့်ရှုဖို့ရာ နေ့စဉ်အလုပ်ဖြစ်လာခဲ့သည်။

လေ့ကျင်ချိန်တိုင်းလာလာခိုးကြည့်ရတာလဲ သူ့ရဲ့နေ့စဉ်အလုပ်ဖြစ်သလို သူ့ရဲ့ပြိုင်ပွဲတွေကိုလဲစိတ်လှုပ်ရှားစွာစောင့်ကြည့်ခဲ့ရသည်က သူ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုတွေလိုဖြစ်လာခဲ့သည်။

"ကစားသမား Sunghoon Park"

Sunghoon Park
Sunghoon
Hoon
ပါးချိုင့်တစ်ဖက်ကောင်လေးရဲ့နာမည်တဲ့လား။
စကြားကြားချင်းသူမျက်ရည်တွေပါဝေ့သီလာခဲ့သည်။
ဟွန်း တဲ့လား။

ဤလိုနဲ့ ဟွန်းဟာသူကိုယ်တိုင်တောင်မသိလိုက်ခင်မှာဘဲ သူ့နှလုံးသားထဲရဲ့အနက်ရှိုင်းဆုံးနေရာအထိ တစ်ရိပ်ရိပ်နှင့်တိုးဝင်လာခဲ့သည်။

9 နှစ်အရွယ်

10 နှစ်အရွယ်

11 နှစ်အရွယ်

12 နှစ်အရွယ်

13 နှစ်အရွယ်

14 နှစ်အရွယ်

15 နှစ်အရွယ်

16 နှစ်အရွယ်

နှစ်တွေလတွေအလီလီပြောင်းလာခဲ့ပေမယ့် သူဟာတော့မပြောင်းလဲပါပင် ဟွန်းရဲ့အလှပဆုံးမြင်ကွင်းတွေကိုငေးကြည့်ခဲ့သည်။

What's wrong with him? (Completed)Where stories live. Discover now