အပိုင်း(၁၀)

8.8K 345 9
                                    

မနက်ခင်းအတန်းတက်ချိန်မို့ ကျောင်းသူကျောင်းသားများဖြင့်စည်ကား‌ေနလျက်.....။

ပိုင်တစ်ယောက် တက်ကြွစွာ ကျောင်းကိုလာပေမယ့် ဘေးက မြူ့ ခမျာ အသက္မရှိသောကျောက်ရုပ်ကဲ့သို့ မှိုင်တွေကာ လျော့တိလျော့ရွဲ လိုက်ပါလာသည်။

မြူ့ ကိုလုံး၀အဆက်သွယ်ဖြတ်ဖို့ ညကထပ်ဖိအားပေးထားလိုက်တယ်။ လူကြီးမင်း နဲ့ သူမကို  ဒီလိုအနေထားတွေပဲပိုင်ဆိုင်စေချင်သည်မို့။သူမစိတ်ညစ်ရသလို သူတို့ကို ပူလောင်စေချင်သည်။

စိတ်ကူးယဉ်အိမ်မက္အတွေးတွေနဲ့ တစ်ဖက်သတ်ကြိတ်ကာ မနာလိုဖြစ်မိသည်။ဒီလိုအနမး် ဒီလိုယုယမှု ဒီလိုတွေ အရူးမူးဖြစ်ပြဖို့က မြူ့အတွက်တဲ့လား။ပိုင်ကဘာတွေချို့ယွင်းနေလို့ မျက်ကန်းတစ်ယောက်လိုဖြစ်နေရတာလည်း လူကြီးမင်းရယ်.....။

ဒါကြောင့်မို့ အချစ်နဲ့စစ်မှာမတရားတဲ့သဘောရှိသလို ရှင့်ကိုရယူဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရ...မဟုတ်ဘူး ပိုင်ကလိုချင်တာအတွက်ဆို မရမက အားထုတ်ဦးမှာ...

"မြူ ရယ် စိတ်ညစ်မနေပါနဲ့ ဒီလိုပဲ တစ်ယောက္မကောင်း နောက်တစ်ယောက်ပေါ့"

"မဟုတ်ဖူး ပိုင်ရယ် သူက အချစ်ဉီးလည်းဖြစ်နေတော့  မြူ့ရင်ထဲ နင့်နေတာပဲ"

"အင်းပါ မြူရဲ့ သူ့လိုအနေထားနဲ့ မြူ့ကိုအတည်တွဲမယ်ဆိုတာ ပထမယုံပေမယ့် ဟိုနေ့ကလုပ်ရပ်ကြောင့် ပိုင်ကတော့အမုန်းခံပြီး တားရမှာပဲ...မြူ့အတွက် စိုးရိမ်လို့ပါ"

ပိုင့်စကားကြောင့် မြူ အသက်ရှုတွေကျပ်လာသည်၊‌တစ်ဖက်ကလည်းစေတနာစကားမို့ မပစ်ခါချင်ပေမယ့် နှလုံးသားက လုံး၀လက္မခံမိဘဲဖြစ်နေတယ်......

"အင်းပါ ပိုင် မြူ ဖြတ်ဖို့ ကြိုးစားကြည့်လိုက်ပါ့မယ်
၊သူ့ကို လည်းစောင့်ကြည့်ပါပြော‌ထားတော့ ယတိပြတိကြီး ကြတော့ မလုပ်ရက်ဘူး...ညှိ
နှိုင်းလို့ရရင် တော့ အခွင့်ရေးတစ်ခါလောက်ပေးကြည့်ချင်သေးတယ်"

မျက်ရည်လေးဝဲကာ  ပိုင့် အားပြောလာတော့
တကယ်အားမလိုအားမရဖြစ်မိသည်။ ဒီလိုနဲ့ပြန်အဆင်ပြေသွားရင် ခက်ဦးမယ်။

နောက်တစ်ခါဘယ်တော့မှ..... (Completed)Donde viven las historias. Descúbrelo ahora