5. How long is forever? (end)

1.7K 75 1
                                    

အခုတလော facebook ပေါ်မှာ Celebrity တွေအများကြီး လမ်းခွဲနေကြသည်။ ဒီနှစ်က ဘာနှစ်လဲကွာ... လမ်းခွဲရာသီများလားလို့ ကျိန်ဆဲမိတဲ့အထိပါပဲ။ သဘောကျတဲ့ စုံတွဲတွေ တစ်တွဲပြီး တစ်တွဲ လမ်းခွဲကြတာ မြင်တော့ ထာဝရနဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်ဖို့ ခက်ခဲလာသည်။

ဘာမဆိုင်ညာမဆိုင် သူမလက်ကို ဆုပ်ကိုင်ထားသည့် ကိုးကရော ဘယ်​လောက်ကြာကြာများ ဆုပ်ကိုင်ထားပါ့မလဲ တွေးပူမိပြန်သည်။

" နွေးနွေး နင် အိမ်မပြန်ဘူးလား "

" ပြန်မှာ.... နောက်တစ်ပတ်။ အိမ်ပြန်မလို့... ဘာလို့လဲ "

" မေမေကလေ.... ဟိုတစ်ခါ နင့်အမေကြော်​ပေးလိုက်တဲ့ ငါးကြော်မျိုး ထပ်စားချင်လို့တဲ့။ စားလို့ကောင်းတယ်တဲ့ ချိုတယ်တဲ့... အဲ့ဒါ နင်ပြန်ရင် ယူခဲ့ဖို့ မှာနေတာ "

" ဪ.... "

အဲ့ဒီလိုတွေ ပြောလာတော့ ပြောမလို့ ကြံရွယ်ထားသည့် စကားတွေ ပျောက်ရှရသည်။

" ကိုး.... ငါတို့ လမ်းလျောက်ကြမလား "

ဒီလမ်းကလေးထဲ သူတို့ခြေရာတွေ ထပ်နေပေမယ့် သူမအတွက်ကတော့ သူနဲ့အတူဆို ငြီးငွေ့တယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါ။ ပျော်ရွှင်ခဲ့ရပါသည်။

" နွေးနွေးကို တစ်ခြား ပြောစရာရှိသေးတယ် "

" ငါအရင်ပြောမယ်.... ကိုး "

" ဟမ်.... "

" ဒီတစ်ခါ ငါအရင်ပြောမယ်လို့ ပြောတာ.... "

နွေးနွေး သူ့ကို ရယ်ပြလိုက်ပြီး....

" ငါတို့လေ.... လမ်းခွဲရအောင်နော် ကိုး "

ကိုးက မျက်မှောင်ကြီး ကြုံ့ကာ နွေးကို ကြည့်တော့ ပြောရမယ့်စကားတွေ ထစ်အ, ရသည်။ ကိုးက မျက်နှာကျော တင်းတင်း နေတတ်တာ ရှားသည်လေ။

" အခုနေ လမ်းခွဲရင်လေ.... ငါတို့ နောက်မကျသေးဘူးဟ။ သူငယ်ချင်းတွေ ဆက်လုပ်လို့ရဦးမှာ... တစ်ယောက်ကို တစ်ယောက်မနာကျင်ခင်မှာ လမ်းခွဲလိုက်တာက အကောင်းဆုံးလို့ ပြောကြတယ် "

သူမ ပြောသမျှ ကိုးက ခါးထောက်ကာ နားထောင်သည်။ သူ့မျက်ခုံးကို ကုပ်ခြစ်လိုက် နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်နဲ့.... အဲ့ဒါတွေကလေ ကိုးဒေါသထွက်တဲ့အခါ လုပ်တတ်တဲ့ အမူအကျင့်တွေ။

နွေးမြရင်ခွင်- Love Like Mint CandyWhere stories live. Discover now