အပိုင်း ၇

809 127 5
                                    


အချစ်တစ်ခုနှင့် ဆုံတွေ့မိသောအခါ ရေပြာလှိုင်းများ နှလုံးအိမ်အတွင်းရိုက်ခတ်သွားသလို၊ တိမ်ခိုးတောင်စွယ်များကြား အကာအရံမရှိ တစ်ဦးတည်း စွန့်စားသွားလာရသလို ၊ ဓာတ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို ကိုယ်တိုင်ဝင်ရောက်သရုပ်ဆောင်ရသလို သွေးခုန်နှုန်း မှန်တစ်ချက် မမှန်တစ်ချက် ။ အသက်ရှူ ရပ်သွားလိုက်၊ အသက်ရှူ မြန်လာလိုက်။

'မြ... မြ

ပဉ္စလက်အတတ်မျိုးစုံသုံးပြီး လူကိုမရူး,ရူးအောင်ပြုစား.. စိတ်ကို မမော,မောအောင် ကစားတဲ့.. မြ။

မအူမလည် ယောင်ချာချာနဲ့ မာယာအပြည့်ခင်းကျင်းသော နှင်းဆီရုံထဲဝင်သွားမိခါမှတော့ ကိုယ့်ခမျာ အဘယ်ထွက်ပေါက်ရှာ၍ရောက်တော့မည်နည်း..။

ထွက်လမ်းမရှိဟု မဆိုနှင့်ခင်.. ထွက်လမ်းမရှာချင်ခဲ့သော မိမိခံစားချက်အမှန်တို့ကိုလည်း ဝန်ခံပါရစေ။
ယစ်မူးခြင်းကြောင့်ထွက်ပေါက်မရှာခဲ့ဘဲ နှင်းဆီရနံ့တို့ ထုံကြူးတဲ့ မြိုင်နှင်းဆီတောအလယ် ကိုယ်ဟာ ပျော်ဆဲ မွေ့ဆဲ..။
........

မြကို စိတ်ဆိုးချင်မိသည့် ထိုနေ့ နောက်တစ်ရက်ကစ၍ မြကိုယ့်အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပါသည်။ ‌ပုံမှန်ကောင်းပေးခြင်းမျိုး မဟုတ်ဘဲ အထူးဂရုစိုက်ပြီး ကောင်းပေးခြင်းဖြစ်သည်။ ထိုနေ့ကိစ္စကိုမူ မြရော ကိုယ်ပါစကားဖြင့် ထုတ်မပြောမိကြ။ ဘာ‌ကြောင့်လဲဟု မမေးမိသလို အကြောင်းပြချက်တို့လည်း မြဆီမှပြောမလာ။

မြအား ပုံမှန်အတိုင်း သွက်လက်နူးညံ့တဲ့ ပကတိ 'မြ'ကလေးအဖြစ် စိတ်ချမ်းသာစဖွယ် ပြန်မြင်ရသည်။

ကိုယ်လည်း ယခင်တိုင်း နှင်းဆီဝါ‌ခူးပေးမြဲဖြစ်၍ မြကလည်း ယခင်တိုင်း ပြုံးပြုံးရွှင်ရွှင်လက်ခံမြဲ ဖြစ်၏။ အပိုဆုအနေနဲ့ မိမိပါးကို တစ်စက္ကန့်မျှ ပိုပိုသာသာ ကြာအောင်နမ်းပေးလေရဲ့။ သည်အခါတော့ "ဆုချတာ"ဟုမပြောဘဲ "ကျေးဇူးဆပ်တာ"ဟု ပြောင်းပြောလေသည်။ သိပ်လည်းတတ်နိုင်လွန်းသည့် မြ။

တစ်နေ့တော့ ဘာစိတ်ကူးပေါက်၍လည်းမသိ။ သူ့ဆံပင်အထက်တွင် နှင်းဆီ ပန်ချင်သည်ဟုဆိုသည်။ စဉ်းစားသာကြည့်ပါ.. ဆံနွယ်များ လျော့လျော့ထုံးထားသည့် မြ၏ နောက်တွဲဆံထုံးကလေးမှာ ပန်းအဝါမွှေးမွှေးဆင်မြန်းနေခြင်း.. မည်မျှလှနေလိမ့်မလဲဆိုတာ။

ကိုယ်ပန်ချင်သော.. နှင်းဆီဝါWhere stories live. Discover now