School Life Story

343 44 16
                                    

"ဒုန်း ဒုန်း ဒုန်း"

လက်ထဲမှ စာအုပ်များဖြင့် စားပွဲကို ပုတ်လိုက်တယ်။

"ဒီနေ့ မိုးအရမ်းရွာတယ် စာမသင်ချင်ဘူး
ဆရာ့အကြောင်း ပြောပြ"

"ဆရာ့အကြောင်းက စိတ်ဝင်စားစရာမှ မရှိတာ"

"ဆရာ့ အချစ်ဦးအကြောင်း ပြောပြပါ"

အချစ်ဦး။

မျက်မှန်ဝိုင်းကလေးကို သူ ပင့်တင်လိုက်သည်။
မျက်ဝန်းအိမ်သည် လိမ်ညာလို့မရ စိုစွတ်လာလေသည်။ အချစ်ဦးနဲ့ ပတ်သက်ရင် သူက အမြဲ ထိလွယ် ရှလွယ် မဟုတ်လား။

"မိုးတွေ ရွာတဲ့နေ့က သူ့ကို တွေ့ခဲ့တာ"

စာသင်ခန်းသည် မိုးသံမှလွဲ၍ မည်သည့်အသံမှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်လွန်းသည်။
သူ့ နှလုံးသားကတော့ တဒိတ်ဒိတ် အခုန်မြန်နေသည်။

မနေ့ကလိုပဲ မဟုတ်လား။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

"ဝေါ"

အလုံပိတ်ထားသည့် ကားတံခါးမှ မမြင်ရသော်လည်း Jimin အနောက်ဘက်မှန်မှ လှမ်းကြည့်လိုက်သည်။ မေမေသည် ကားမောင်း ကြမ်းလွန်းသည်။

‌စက်ဘီးကြိ ဒေါက်ထောက်ပြီး ကောင်လေးတစ်ယောက်သည် စင်သွားသည့် ရေစက်များကို ခါနေလေသည်။

"မေမေက အမြဲ ဇွတ်ပဲ" ဟု သူ မပြောရဲပါ။

"Park Jimin စာကို အာရုံ ပြန်စိုက်စမ်း"

သူ ဇက်ကို ပုပြီး စာကိုသာ ငုံ့ကြည့်နေလိုက်သည်။

"မနေ့ညက သင်္ချာဆရာ့ဆီမှာ မင်း အရယ်ခံလိုက်ရတာပေါ့လေ"

"ဟားဟား"

ပခုံးကို တစ်ယောက်‌နဲ့တစ်ယောက်တိုက်ပြီး သူတို့ ရယ်မောနေစဉ် စက်ဘီးတစ်စီး ကျောင်းဝင်းထဲ ဝင်လာနေသည်။

"ဟေး ခဏနော်"

သူ အမြန် စက်ဘီးပိုင်ရှင်နား ရောက်သွားသည်။

"အဆင်ပြေလား"

"ဘာကိုလဲ"

သူ အင်္ကျီ ရင်ဘတ်တွင် စွန်းနေသော အစွန်းများကို လက်ညှိုးထိုးလိုက်သည်။

ကျောင်းပုံပြင်(YoonMin Oneshot)Tahanan ng mga kuwento. Tumuklas ngayon