coin love story [육]

1K 86 12
                                    

"အချစ်ရေ"

"ဗျာ"

"နောက်ကျနေပြီနော် မြန်မြန်ထွက်ခဲ့တော့"

ဒီနေ့ဟာ တနင်္ဂနွေနေ့ဖြစ်တာကြောင့် ဘုရားကျောင်းသွားရန် စီစဉ်ထားကြသည်။သို့ပေမယ့် မွန်းလွဲမှဘဲ ရောက်လောက်တော့မည်။သူ့လင်တော်မောင်က တော်တော်ကြာနေတာကိုးးး။

"လာပြီ လာပြီ ကိုကို"

"ကြာလိုက်သည့် ကိုယ်တော်ချော ဘာတွေများ ဒီလောက်ပြင်နေရတာတုန်း။ကိုယ့်ကလေးလေးက နဂိုကတည်းက ပြင်စရာမလိုအောင်ချောပြီးသား"

"ဒါတော့ ဒါပေမဲ့ ကျနော်ကပိုပြီးချောချင်တာကို"

"ဘုရားကျောင်းသွားမှာပါနော် ဘယ်သွားမယ်ထင်နေလဲ"

"သိပါတယ်နော် ကိုကိုကလည်း"

နှုတ်သီးစူကာပြောလာသည့် အကောင်ပေါက်ကြောင့် သူအသည်းယားစွာပင် နှာသီးလေးအား လက်ညိုးနှင့် လက်ခလယ်တို့အားသုံးကာ ဆွဲညစ်မိလိုက်သည်။

"အ့ နာသွားပြီ မွမွပေး"

"ဟာ အချွဲလေး"

ဆောင်းဟွန်းတစ်ယောက် သွားစွယ်တွေလှစ်ကနဲနေအောင် ပြံုးလိုက်ကာ နှာသီးချွန်ချွန်လေးအား နှုတ်ခမ်းလေးနဲ့ ဖွဖွနမ်းမိသည်။

^^^^^^^^^^^^^^^

"ဘုရားသခင် ဤအမျိုးသားနှင့် သက်ဆုံးတိုင်အတူတူရှိရလို့ပါ၏ အာမင်"

ဟု တိုးတိုးလေး ဆုတောင်းလိုက်သည်ကို ရည်ရွယ်သူကကြားသွားသည်ထင်ပါရဲ့။

"ရှိရမှာပါ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်ရင်ပေါ့"

"အွန်း ကိုကိုရော ဘာတွေဆုတောင်းလိုက်လဲ"

"ကိုယ့်မျက်စိရှေ့မှာရှိနေတဲ့ သက်ရှိလေးနဲ့ပတ်သတ်တဲ့ ဆုတောင်းလေးပေါ့နော်"

"ဟာ စကားကို ဒီတိုင်းပြောလဲရတာပဲကို။ရိုးရိုးတန်းတန်းမဟုတ်ဘဲ ရင်ခုန်အောင်လာလုပ်နေတယ်"

"ရင်ခုန်သွားတယ်ပေါ့ ဝိုး"

"ရင်ခုန်အောင်‌လုပ်နေတာကိုးး
ဟွန့် ချစ်ပစ်ချင်စရာကြီးနော် ပတ်ဆောင်ဟွန်းက"

ᵒᶠᶠ ᵐʸ ᶠᵃᶜᵉ || CompletedWhere stories live. Discover now