C&A _ 5

1.5K 166 30
                                    

#Uni....



" ရိပေါ် ကလေးကို မားတို့ကိုပေးလေ "

"ပေးဘူး ဒါ သားရဲ့ကလေး သားပဲခေါ်ထားမှာ "

" မဟုတ်ဘူးလေ သားရယ် ကလေးကို မွေးစားမယ်ဆိုရင်တောင် မားတို့က လက်ခံတယ်။
သားကအခုမှ ကလေးပဲရှိသေးတာ ကလေးက ကလေးကို ဘယ်လိုပြန်ထိန်းမှာလဲကွယ် "

" မသိဘူးဗျာ.. တွေ့လား ကလေးက သားလက်ပေါ်မှာငြိမ်နေတာပဲ "

ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့‌ဝမ်မိသားစု၊
ရှောင်းမိသားစုကတော့ ဘာမှ မပြောဘဲ ရိပေါ်နဲ့ကလေးကိုသာ ကြည့်နေကြလေသည်။

သူတို့သားရှောင်းကျန့်ကလည်း ရိပေါ်နားကမခွာ။

ဟင်းး မသိရင်.. အိမ်း မတွေးကောင်းပါဘူးလေ

ခေါင်းမာတဲ့လဒကောင်လေးက တစ်စက်မှလျော့မှာ မဟုတ်မှန်းသိလို့ ရှောင်းကျန့်မှာ.. အကြံတစ်မျိုးထုတ်ရသည်။

" ရိပေါ် ငါတို့လည်း ပင်ပန်းနေပြီလေ အနားယူရအောင် ကလေးကိုလည်းချဦး မင်းလက်တွေ့တောင့်ခဲ ကုန်ဦးမယ် "

" အွန်း အဲ့ဒါဆို နားပြီ ရှောင်းကျန့် မင်းကိုပဲ ငါစိတ်ချတယ် ငါ့အခန်းထဲလိုက်ခဲ့ ကျန်တဲ့သူအကုန်နေခဲ့နော် "

ထသွားတဲ့ ရိပေါ်က အကုန်လုံးကို လျစ်လျူရှုလျက်။

ကျန်ခဲ့တဲ့ရှောင်းကျန့်လည်း အိမ်သားတွေကို သူ ကြည််လုပ်လိုက်မယ် ဆိုတဲ့အကြည့်နဲ့ ခေါင်းလေးငြိမ့်ပြီး ရိပေါ်နောက်အပြေးလိုက်ရသည်။

" ရှောင်းကျန့် ကလေးကို သိပ်ဖို့ စောင်ကို ပြင်ပေး "

" အေး "

အဆင်ပြေသလို ပြင်ပေးလိုက်တော့ ရိပေါ်ကကလေးကို အသာချပေးလိုက်တော့ ကလေးက တအဲ့အဲ့ ငိုလာလေသည်။

" ကျွတ် ကျွတ် အိပ် ကလေး ပါးရှိတယ် သားလေး "

ရိပေါ်လည်း ကိုယ့်ကိုကိုယ် အခုမှ ကလေးအမေလုံးလုံးဖြစ်နေမှန်းသတိထားမိတော့တယ်။

လက်တွေလည်း တောင့်ခဲနေပြီ
ဒါတောင် သူ့မှာ ထပ်ချီချင်‌နေသေးတာရယ်။

" ရိပေါ် ရေချိုးလိုက်ဦးလေ ငါ ကလေးကို ကြည့်ထားပေးမယ် "

" မင်းအရင်ချိုးလိုက်ပါလား မင်းအဝတ်တွေ ငါ့ဆီမှာ ရှိသေးတယ် "

" Chocolate & Angry pig " ✓𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅✓Where stories live. Discover now