Never

363 18 1
                                    

Unicode

'' ဟေ့ကောင်ရှောင်းကျန့် ကြာလိုက်တာကွာမင်းက ငါတို့စောင့်နေတာတော်တော်ကြာပြီ ''

'' လမ်းမှာဒါလေးဝယ်နေလို့ပါကွာ မင်းတို့ကလည်း ''

'' မြန်မြန်လာ ဆရာဝင်တော့မယ် ''

''ခနနေပါဦးကျိုးချန်ရာ ငါဒါလေးစားပါရစေဦး ''

'' အတန်းထဲရောက်မှခိုးစားတော့ ဆရာကနောက်ကျရင်မကြိုက်ဘူးလေကွာ ''

ဒီလိုနဲ့ပဲ ကျိုးချန်ဆွဲခေါ်ရာ ရှောင်းကျန့်တစ်ယောက်ယက်ကန်ယက်ကန် နဲ့ ပါသွားရတယ်

'' တွေ့လားရှောင်းကျန့် ဆရာမလာခင်လေးရောက်လာလို့ တော်သေးတယ် ''

'' ဟေ့ကောင် ကျိုးချန် 10 မိနစ်တောင်လိုသေးတာက်ို ''

'' လိုသေးတယ်ဆိုလည်း မင်းဝယ်လာတာတွေအခုမျိုတော့လေကွာ ''

'' အင်း ဒါနဲ့မင်း ကျောင်းကိုလာတဲ့ လမ်းမှာရှိတဲ့ Coffee ဆိုင်ကိုသိတယ်မလား ''

'' အေးသိတယ်လေ ''

''နောက်ဆိုအဲ့ဆိုင်မှာသွားစားရအောင် ''

'' မစားပါဘူးကွာ ကောင်မလေးတွေမှမရှိပဲကို ''

'' ဟေ့ကောင်ဘူးမနေနဲ့ ကျိုးချန် မင်းငါနဲ့လိုက်မှာမလား ယွီပင်း ''

'' အင်း မင်းသွားမယ်ဆိုလိုက်မယ်လေ ''

''တွေ့လားကျိုးချန် နှစ်ယောက်တစ်ယောက်မင်းရှုံးတယ် ''

''ရှောင်းကျန့်မင်းမတရားတာ ယွီပင်းက မင်းဘာပြောပြောလုပ်တာကိုသိရဲ့သားနဲ့ ''

'' မဆိုင်တာ မဆ်ိုင်တာ ညနေသွားမယ် ဒါပဲ ''

''ဟေ့ကောင်...''

ကျိုးချန်ပြောမယ့်စကားတွေဆရာလာတာကြောင့် လေထဲမှာပျောက်ကုန်တော့တယ်

''ရှောင်းကျန့် ဘယ်သွားမလို့လဲ ''

''ဟိုဆိုင်လေ မင်းတို့ကမလိုက်ဘူးဆို ''

'' ဟေ့ကောင်လိုက်မှာပေါ့ကွ ''

'' လိုက်ရင်လာခဲ့ guys ''

'' ok''²

* ကလင် ကလင် *

'' မဂ်လာပါခင်ဗျ ကြိုဆိုပါတယ် ဘာများသုံးဆောင်မလဲမသိဘူး ''

Never Where stories live. Discover now