An afterward

1.7K 297 12
                                    

စာကြွင်း -

ဝန်ကြီးများရုံးတော်ကနေ အမိန့်ထုတ်ပြန်ခြင်း ရောက်မလာသေးခင်အချိန်။ ညဘက်ကြီးမှာ နယ်ခြားစည်းမျဉ်းဘက်က အရေးကြီးသတင်း သံတော်ဦးတင်လာတယ်။

"တရုတ်စစ်တပ်ရဲ့ စစ်သူကြီး ဝမ်ရိပေါ်ဟာ ညဘက်မှာ ခံစစ်စခန်းတည်နေရာ လိုက်လံရှာဖွေရင်း ကံမကောင်း အကြောင်းမလှစွာဖြင့် မြို့ရိုးပေါ်မှ ပြုတ်ကျပြီး နေရာမှာတင် ချက်ချင်း သေဆုံးသွားပါတယ်"

တခြားစစ်သူကြီးတွေနဲ့ စစ်သည်တော်တွေဟာ ဒီသတင်းကို ကြားပြီးနောက်မှာ စိတ်ထိခိုက်သွားကြပြီး အလွန်အမင်း စိတ်မကောင်းဖြစ်သွားကြတယ်။

ရန်သူခေါင်းဆောင်စစ်သူကြီးနဲ့ သူ့သမီး လက်ထောက်စစ်သူကြီးတို့ဟာ အရိုအသေလာပေးကြရင်း နှမြောတသစွာ ငိုကြွေးတယ်။

ဧကရာဇ်မင်းကြီးဟာ ဝမ်မိသားစုရဲ့ သစ္စာစောင့်သိမှုနဲ့ ရဲရင့်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဝမ်ရိပေါ်ကို "ကျို့ချီတာ့ကျန်းကျွင်း" ဘွဲ့ပေးတယ်။

"ကျို့ချီတာ့ကျန်းကျွင်း"ရဲ့ အနီးကပ်လက်ထောက် စစ်သူကြီးနဲ့ သူ့ရဲ့ မိတ်ဆွေဟောင်း ချိုင်လျို့တို့ဟာ ဝမ်ရိပေါ်ရဲ့ရုပ်အလောင်းကို မြန်နိုင်သမျှ မြန်မြန် မြေမြှုပ်ဖို့ တောင်းဆိုတယ်။ အလောင်းကို နယ်စပ်စည်းမျဉ်းနားမှာ မီးသဂြိုလ်ပြီး မြို့တွင်းမှာ မြုပ်နှံလိုတာဟာ ဝမ်စစ်သူကြီးရဲ့ နောက်ဆုံးသော ဆန္ဒဖြစ်တယ်။

"စစ်သူကြီးဟာ စစ်ပွဲထဲမှာ သေဆုံးခဲ့တာဖြစ်တယ်။ ရန်သူတွေရဲ့ ကျူးကျော်မှုကို တလက်မမှ အပါမခံခဲ့ဘူး"

*

လက်ကျန်စာကြွင်း -

"ကိုကို ငါ့ကို နောက်တခေါက်လောက် ထပ်ခေါ်ပါဦး?"

"စစ်သူကြီး။ အိုက်လန်။ ယောက်ျား..... အခက်တွေ့နေပြီ။ ဒီကိုရင်ငယ်ယီချင်းမှာ လုပ်စရာတွေ ရှိနေတာမို့ ရှောင်တိုက်ဝမ်က ကိုယ်တော့်ကို ကူညီပေးနိုင်မလား?"

"ကိုကို ပြောပါ"

"ဒီလောကကြီးက တနှစ်နဲ့တနှစ် နေ့နေ့ညည ပြောင်းလဲနေတာ။ မင်း ငါ့ကို အဖော်ပြုပြီး လောကတခွင် လှည့်လည်ပေးချင်ရဲ့လား?"

[ပြီးပါပြီ]

________________________________________

*Note*

နောက် ၃ ပိုင်းကျန်ပါသေးတယ်ရှင့်။

🍀🍀🍀🍀🍀

(ZawGyi)

စာႂကြင္း -

ဝန္ႀကီးမ်ား႐ုံးေတာ္ကေန အမိန႔္ထုတ္ျပန္ျခင္း ေရာက္မလာေသးခင္အခ်ိန္။ ညဘက္ႀကီးမွာ နယ္ျခားစည္းမ်ဥ္းဘက္က အေရးႀကီးသတင္း သံေတာ္ဦးတင္လာတယ္။

"တ႐ုတ္စစ္တပ္ရဲ႕ စစ္သူႀကီး ဝမ္ရိေပၚဟာ ညဘက္မွာ ခံစစ္စခန္းတည္ေနရာ လိုက္လံရွာေဖြရင္း ကံမေကာင္း အေၾကာင္းမလွစြာျဖင့္ ၿမိဳ႕ရိုးေပၚမွ ျပဳတ္က်ၿပီး ေနရာမွာတင္ ခ်က္ခ်င္း ေသဆုံးသြားပါတယ္"

တျခားစစ္သူႀကီးေတြနဲ႕ စစ္သည္ေတာ္ေတြဟာ ဒီသတင္းကို ၾကားၿပီးေနာက္မွာ စိတ္ထိခိုက္သြားၾကၿပီး အလြန္အမင္း စိတ္မေကာင္းျဖစ္သြားၾကတယ္။

ရန္သူေခါင္းေဆာင္စစ္သူႀကီးနဲ႕ သူ႕သမီး လက္ေထာက္စစ္သူႀကီးတို႔ဟာ အရိုအေသလာေပးၾကရင္း ႏွေျမာတသစြာ ငိုေႂကြးတယ္။

ဧကရာဇ္မင္းႀကီးဟာ ဝမ္မိသားစုရဲ႕ သစၥာေစာင့္သိမႈနဲ႕ ရဲရင့္မႈကို ဂုဏ္ျပဳတဲ့အေနနဲ႕ ဝမ္ရိေပၚကို "က်ိဳ႕ခ်ီတာ့က်န္းကြၽင္း" ဘြဲ႕ေပးတယ္။

"က်ိဳ႕ခ်ီတာ့က်န္းကြၽင္း"ရဲ႕ အနီးကပ္လက္ေထာက္ စစ္သူႀကီးနဲ႕ သူ႕ရဲ႕ မိတ္ေဆြေဟာင္း ခ်ိဳင္လ်ိဳ႕တို႔ဟာ ဝမ္ရိေပၚရဲ႕႐ုပ္အေလာင္းကို ျမန္နိုင္သမွ် ျမန္ျမန္ ေျမျမႇုပ္ဖို႔ ေတာင္းဆိုတယ္။ အေလာင္းကို နယ္စပ္စည္းမ်ဥ္းနားမွာ မီးသၿဂိဳလ္ၿပီး ၿမိဳ႕တြင္းမွာ ျမဳပ္ႏွံလိုတာဟာ ဝမ္စစ္သူႀကီးရဲ႕ ေနာက္ဆုံးေသာ ဆႏၵျဖစ္တယ္။

"စစ္သူႀကီးဟာ စစ္ပြဲထဲမွာ ေသဆုံးခဲ့တာျဖစ္တယ္။ ရန္သူေတြရဲ႕ က်ဴးေက်ာ္မႈကို တလက္မမွ အပါမခံခဲ့ဘူး"

*

လက္က်န္စာႂကြင္း -

"ကိုကို ငါ့ကို ေနာက္တေခါက္ေလာက္ ထပ္ေခၚပါဦး?"

"စစ္သူႀကီး။ အိုက္လန္။ ေယာက္်ား..... အခက္ေတြ႕ေနၿပီ။ ဒီကိုရင္ငယ္ယီခ်င္းမွာ လုပ္စရာေတြ ရွိေနတာမို႔ ေရွာင္တိုက္ဝမ္က ကိုယ္ေတာ့္ကို ကူညီေပးနိုင္မလား?"

"ကိုကို ေျပာပါ"

"ဒီေလာကႀကီးက တႏွစ္နဲ႕တႏွစ္ ေန႕ေန႕ညည ေျပာင္းလဲေနတာ။ မင္း ငါ့ကို အေဖာ္ျပဳၿပီး ေလာကတခြင္ လွည့္လည္ေပးခ်င္ရဲ႕လား?"

[ၿပီးပါၿပီ]

________________________________________

*Note*

ေနာက္ ၃ ပိုင္းက်န္ပါေသးတယ္ရွင့္။

🍀🍀🍀🍀🍀

Spring Spiral ||Completed||Where stories live. Discover now