Part-6

1.7K 97 0
                                    

Unicode

"မ...မဟုတ်ဘူး"

"မင်းမယုံသေးရင် ဘယ်လိုထပ်သက်သေပြရမလဲဖြစ်အောင်ပြောပြမယ်ဆိုတော့လည်း မဟုတ်ဘူး...ညတည်းက မယုံဘူးဆိုပြီး အတင်းငြင်းနေတာ ဒါပေမယ့် မင်းအဖြေပေးသွားတယ်ဆိုတာ သိပါတယ်ကွာ"

"တော်...တော်ပါတော့ Jeon Jung Kook ရယ်
ငါ..ငါ ဒီတိုင်း မယုံနိုင်လို့ ခဏခဏမေးတာပဲ
ထပ်မပြောနဲ့တော့"

လူကိုစိုက်ကြည့်နေပြီး နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံး၍

"ဟုတ်ပါပြီ ယုံလိုက်ပါတော့ နောက်တာဆိုရင်တောင် အစတည်းက နမ်းလည်းနမ်းမနေဘူး အလကားသက်သက် အချိန်ကုန်ခံပြီးလည်း ထိုင်ရှင်းပြပေးမနေဘူးပေါ့ အရူးလေးရဲ့"

"ရား...Jeon Jung Kook"

"ဟားဟားဟား"

ကားအတွင်း၌ အူမြူးစွာရီနေသော ကောင်လေးတစ်ယောက်နှင့် ရှူးရှူးရှဲရှဲဖြင့် ဒေါသထွက်ကာ ဘေးမှ ထိုင်ရီနေသောသူကို ပိတ်ရိုက်ချင်နေသော ကောင်လေးနှင့် ထိုကားကို လိုရာခရီးရောက်စေရန် မောင်းနှင်နေသော ကားရှေ့ခန်းက ဒရိုင်ဘာကတော့ နောက်က ကောင်လေးနှစ်ယောက်ကို တစ်လှည့် လမ်းကိုတစ်လှည့်ကြည့်ပြီး အူတူတူဖြင့်သာ။

___________

"Tae ဒီမှာထိုင်"

"အင်...အင်း...မင်း သူများတွေသိအောင်မနေပြစမ်းပါနဲ့ အေးအေးဆေးဆေးပဲနေ"

"ကိုယ်ကဘာတွေလုပ်နေလို့လဲ အစတည်းက
မင်းနဲ့ကိုယ်နဲ့ ရင်းနှီးတာသိကြတာပဲ တူတူထိုင်တာများ ဘာထူးဆန်းစရာရှိလို့"

"မသိဘူးကွာ"

သူနဲ့မကင်းလွတ်တော့လို့ပဲလားမသိ။

စိတ်ထဲဘဝင်မကျဖြစ်နေသေး၍ ပုံမှန်အပြုအမူတွေကလည်း ထူးဆန်းနေပြီး နေမတတ်တော့ပါ။

ကိုယ်ကပဲ မဟုတ်တာလုပ်ထားသလို
လိပ်ပြာမလုံဖြစ်နေတာလား။

မဟုတ်ဘူး။ ဒါ သာမာန်ပဲလေ။ သူနဲ့ငါနဲ့
သူငယ်ချင်းတွေလို့ လူတိုင်းသိထားပြီးသားပဲ။
ပူးပူးတွဲတွဲဖြစ်နေတာလည်း မထူးဆန်းပါဘူး။

'စိတ်အေးအေး ထားစမ်းပါ Kim Tae Hyung။
ဒါကြီးကို ဗွေယူမနေစမ်းနဲ့။'

Away U (Completed)Where stories live. Discover now