Part - 9

812 62 3
                                    

တမာရဲ့ကမ္ဘာ

အပိုင်း (၉)

"ကြေးတမာနဲ့တွေ့ချင်လို့"

အသံစူးစူးလေးကြောင့် တမာတို့လေးယောက်လုံးရဲ့ မျက်ဝန်းဆုံမှတ်က အရှေ့မှာရပ်နေသည့် အရုပ်ကလေးဆီမှာ အံ့ဩခြင်းကြီးစွာဖြင့် ဆုံနေမိသည်။ တမာတို့ကကျောင်းလွှတ်လိုက်တာနဲ့ ကျောင်းရှေ့မျက်စောင်းထိုးက လက်ဖက်ရည်ဆိုင်မှာ နေ့လည်စာစားနေကြတာဖြစ်သည်။ ဆံပင်လေးနှစ်ဖက်စည်းပြီး ကျောင်းဝတ်စုံလေးနဲ့ ကော်ပတ်ရုပ်လေးလိုလှသည့် ကောင်မလေးက တမာ့ကိုလက်ဖက်ရည်ဆိုင်အထိ တကူးတကလာရှာတာ ဘာကိစ္စများပါလိမ့်။

"မင်းကဘယ်သူလဲ"

"ရွှေရုပ်ပါ ကြေးတမာနဲ့စကားပြောလို့ရမလားဟင်"

"နေဦး ကြေးတမာလို့ခေါ်ရအောင် ငါတို့ထဲမှာမင်းနဲ့ရွယ်တူထင်ရတဲ့သူ ပါလို့လား"

"ဟို မပါပါဘူး"

"ဒါဆိုဘာလို့ကိုယ့်ထက်ကြီးတဲ့သူကို နာမည်တပ်ခေါ်တာလဲ"

"ဘယ်လိုခေါ်ရမလဲမသိလို့ပါ"

"ကိုကိုလို့ခေါ် "

"ရှင်"

"ကြေးတမာကိုပြောတာမဟုတ်ဘူး ကိုယ့်ကိုခေါ်ခိုင်းတာ"

"ရှင်"

တမာ့ကိုလာရှာသည့် ကော်ပတ်ရုပ်လေးကို မာန်ကအပြီအပြင်ကြပ်နေကာ မိုးကျော်နဲ့လှိုင်းခန့်ကတော့ ကြည့်နေလိုက်ကြတာများ အသက်ပင်ရှိသေးရဲ့လားမသိ။

"ကြေးတမာကတို့ပဲ"

"ဪ ဟုတ်"

"မင်းကဘာကိစ္စတို့ကိုလာရှာတာလဲ'

"ဟို ရွှေရုပ်ရဲ့ကိုကိုက စာပေးခိုင်းလိုက်လို့ပါ"

"မင်းကိုကိုကဘယ်သူလဲ"

"ကိုကိုကသူ့နာမည်မပြောရဘူးလို့မှာထားပါတယ်"

"မင်းကိုကိုနာမည်တောင်မသိဘဲနဲ့ တို့ကဘယ်လိုလုပ်စာလက်ခံရမှာလဲ"

"ဟို ရွှေရုပ်တောင်းပန်ပါတယ်နော် စာလေးတော့ယူလိုက်ပါနော်"

"ဘာစာလဲ"

"အဲ့ဒါတော့ရွှေရုပ်လည်း မသိပါဘူး"

"တမာရဲ့ကမ္ဘာ"Where stories live. Discover now