Part~1

15.3K 367 26
                                    


နေရောင်ဖျော့ဖျော့လေးက ထရံပေါက်လေးများမှတစ်ဆင့် သူ၏ဖြူဖွေးလှသော မျက်နှာအပေါ်ကျရောက်နေ၏။ မျက်ခုံးများမှာထူထဲနက်မှောင်နေပြီး မျက်တောင်များမှာလည်း ကော့ညွတ်နေလေသည်။

အရောင်မတင်ဘဲ သဘာ၀အတိုင်းတည်ရှိနေသော နီစွေးစွေးနှုတ်ခမ်းအစုံတို့ကပြုံးယောင်ယောင်။ သဘာ၀တရားမှဖန်ဆင်းသော သူ၏ချောမောလှပမှုသည် မိန်းကလေးများပင်လိုက်မမှီနိုင်၊ယောက်ျားလေးအချင်းချင်းပင် ငေးယူရသောအလှတရားကိုပိုင်ဆိုင်ထားလေသည်။

~^~
"ဟဲ့ အမောင်။ နင် အခုချက်ချင်းထစမ်း...ငါတို့စားဖို့ မနက်စာဘာမှမလုပ်ရသေးဘူးလား"

အမောင်မှာ မနက်တိုင်းစောစောထတတ်သော်လည်း ညကအလုပ်ပင်ပန်းလွန်းသဖြင့် အိပ်မောကျနေခြင်းဖြစ်သည်။

အမောင်သည် ငယ်စဉ်ကတည်းကမိဘများကဆုံးပါးသွားပြီး အဒေါ်မိသားစုနှင့်နေရသူဖြစ်သည်။မိဘများနှင့်အတူနေစဉ်က အတန်းပညာကိုသင်ယူရသော်လည်း မိဘများကွယ်လွန်သည့်အခါ အဒေါ်ဖြစ်သူကကျောင်းဆက်မထားတော့ပေ။အဒေါ်မိသားစု၏နှိပ်စက်ညှဉ်းပန်းမှုကိုအမြဲတမ်းခံရပြီး အသက်အရွယ်နှင့်မလိုက်အောင် ပင်ပန်းဆင်းရဲစွာ၀င်ငွေရှာရသူဖြစ်သည်။

ဒေါ်မေနွဲ့ရီဟုခေါ်သော အမောင်၏အဒေါ်သည် အမောင်ရှာသမျှပိုက်ဆံအားလုံးကို သုံးဖြုန်းနေသူဖြစ်သည်။အမောင်သည် သူတို့အတွက် ကျေးကျွန်မျှသာဖြစ်သည်ဟုခံယူထားသည်။သူတို့၏လောင်းရိပ်အောက်တွင်နေရသော အမောင်သည် ကောင်းကောင်းမွန်မွန်မနေရမစားရပေ။သူရှာသမျှပိုက်ဆံသည် ဒေါ်မေနွဲ့ရီ၏လက်ဝါးကြီးအုပ်မှုကြောင့် တစ်ခါမှသုံးရသည်မရှိပေ။ပင်ပန်းလွန်း၍အိပ်မောကျနေသောအမောင့်ကို အလိုက်မသိစွာ အော်၍နှိုးနေလေသည်။

"ဒေါ်လေးရယ် ကျွန်တော်ပင်ပန်းနေလို့ခဏလောက်အိပ်ပါရစေ‌ဗျာ"

အိပ်ချင်မူးတူးဖြင့် တောင်းဆိုနေသော အမောင်လေး။သူအရမ်းပင်ပန်းနေရှာမည်။

"ဘာပြောတယ်။အခုချက်ချင်းထစမ်း... နင်ငါ့အကြောင်းသိတယ်နော်"

ချစ်ခြင်းတည်စေWhere stories live. Discover now