"မပြေလည်နိုင်အောင် သူကကြံရွယ်တယ်...
ရင်မှာအချစ်အားလေးညှိုးငယ်ရပါတယ်
ပြေလည်အောင်ဖြေရှင်းပါမယ်လေ...
အယူခံဒီစကားလေးပြောပြတော့မယ်အကြင်နာဆုံး မောင့်ရဲ့အချစ်ဆုံးရေ....
နေပါဦး မုန်းလိုက်တော့မှာလားလေ
ကြင်နာတဲ့သူလေးရှောင်ပြေးလေတော့
ကိုယ်တစ်ယောက်တည်း ခုတော့ကြေကွဲပြီ( ကြင်သူရေ ...ကိုယ်တစ်ယောက်တည်းဆွေးပြီ
အချစ်ကြီးချစ်ခဲ့မိလို့အမုန်းကြီးမုန်းပြီလား
တယူသန်ပဲဆုံးဖြတ်တော့မှာလား မေရယ်
အကျိုးအကြောင်းလေး မောင်ပြောပြမယ်...ကြင်သူရေ ....ခေါ်သံလေးကြားရင်
အချစ်ဟောင်းလေးကို ခဏလောက်လှည့်လို့ကြည့်ပါဦး
ပြန်လည်လို့ချစ်ခွင့်ပေးပါဦးလား....
နောက်တစ်ယောက်တော့မချစ်လိုက်နဲ့ကွယ်..အချိန်တွေကြာကြာ မေ့ထားနိုင်သူရယ်...
ဒိုင်ယာရီဟောင်းလေးအလွမ်းတွေပြည့်ပြီကွယ်
အနိုင်ယူပါကွယ် တောင်းပန်ပါတယ်...
မေရေ ကိုယ်အရှုံးလေး ပေး,ပေးလိုက်မယ်....ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့
အကြင်နာလေးများလည်းပေးသနားပါဦးကွယ်..
ကြေပါတော့ အချစ်ဦးရန်ငြှိုးတွေရယ်..
အယူခံတေးလေးနဲ့ ကိုယ်(မောင်)ချော့မယ်....)×2ထိုအသံသည်ကား ညနေတစောင်းအချိန် စာရေးခုံရှေ့တွင် Titrationတွက်နေရင်း အသံကုန်ဟစ်ကာအော်ဆိုနေသော ရာရာ၏အသံပင်ဖြစ်ပါသည်။နေ့လည်ကတည်းက အစ်မကြီးတစ်ယောက်မူးလဲသွားသည်ဟုဆိုကာ ဒေါက်တာ့အားလာခေါ်သွားကြသည်။ယခုအချိန်ကျမှလူနာကြည့်ပြီး ခြံထဲသို့ဆေးအိတ်ကလေးကိုင်ကာ ၀င်လာသော ခေတ်ဟန်အား ရွဲ့ပြီးဆိုလိုက်ခြင်းဖြစ်သည်။ထိုလူ အုံးလွဲနေ၍ မလှည့်နိုင်မှန်းသိ၍ တမင်ဆိုနေခြင်းဖြစ်သည်။
နေ့လည်လောက်ကတည်းကသွားပြီး ယခုအချိန်ကျမှပြန်လာသော လူအား စကားပင်မပြောချင်လောက်အောင်စိတ်ဆိုးနေပါသည်။ထိုလူက သူ့ကိုမြင်သော်လည်း တစ်ချက်သာကြည့်ပြီး အိမ်အပေါ်ထပ်သို့တက်သွားသည်။ခဏအကြာတွင် တဘက်တစ်ထည်ကိုင်ကာ အောက်သို့ဆင်းလာသည်။ထိုလူ ဘာဖြစ်နေမှန်းမသိ။အရင်ကဆိုလျှင် သူ့အားတကပ်ကပ်လုပ်နေတတ်သည့်လူက အခုတော့ပြုံးတောင်မပြတော့ပေ။
YOU ARE READING
ချစ်ခြင်းတည်စေ
RomanceSeme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒဏ်ကိုအမြဲခံနေရပြီး မြေအိုးထမင်းဆိုင်လေးမှာအလုပ်လုပ်ရင်းဘုရားသမိုင်းတွေကိုရှင်းပြရတဲ့ကောင်လေးတစ်ယောက်။သူ့ဘ၀ရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာ ခရ...