<Unicode>

သုတပိုင်တစ်ယောက် အရေးပေါ်ခွဲစိတ်ခန်းဝင်ရမည်ဖြစ်တာကြောင့် နားနေခန်းကနေ တတိယထပ်ကခွဲစိတ်ခန်းရှိရာသို့အပြေးအလွှားသွားနေရသည်။"ဆရာမ ကျွန်တော့်ကို ကူပါအုံး"
"ဟုတ် ဆရာ၊လူနာက သွေးထွက်လွန်နေပြီ။ပြီးတော့ ကလေးကအရမ်းငယ်သေးတယ် အခုထိခိုက်မိထားက အဆုတ်နားလေးမှာ"
"ဟုတ်ပြီ ကဲ စလိုက်ကြစို့"
ခွဲစိတ်ခန်းသုံး ဝတ်ဆုံကို အနီးအနားက nurseတစ်ယောက်ကိုအကူအညီတောင်းပြီး ဝတ်ဆင်ပြီးတာနဲ့ သူကိုယ်တိုင်ဦးဆောင်ကာ ခွဲစိတ်မှု့ကိုစတင်လေသည်။တစ်ဖက်တွင်...
"ဟို ...ဆရာမ ဒီဆေးရုံကဒေါက်တာသုတပိုင်နဲ့တွေ့လို့ရမလားဗျ"
"အာ..ဒေါက်တာက ခုလေးတင်အရေးပေါ်ခွဲစိတ်ခန်းဝင်ရမှာမို့ ခွဲခန်းထဲဝင်သွားပြီရှင့်"
"ဪ ဟုတ်ကဲ့ ကျွန်တော်စောင့်လိုက်ပါ့မယ်"
လင်း တစ်ယောက်လက်ထဲကလည်း ငှက်သိုက်ခြင်းအသေးလေးရယ် လီလီပန်းရောင် အစည်းလေးရယ်ကိုကိုင်ကာ ပိုင်ရဲ့နားနေခန်းဆောင်ဘက်လျှောက်လာပေမယ့် ခြေလှမ်းတွေကိုဦးတည်ချက်ပြောင်းလိုက်တာ တတိယထပ်ကခွဲစိတ်ခန်းရှေ့သို့ပင်။
ပိုင်နဲ့မတွေ့ရတာ၁ပါတ်ပင်ရှိခဲ့ပြီ။ထိုနေ့က ဟိုကိစ္စဖြစ်ပြီးတော့ လင်းကို အော်ဟစ်ပြီးနှင်ထုတ်လိုက်ကတည်းက တစ်ခါမှထပ်မတွေ့ဖြစ်။ဒီနေ့တော့ ပိုင့်ကို မရရအောင်ချော့မည်ဆိုပြီးဆုံးဖြတ်ကာ ဆေးရုံကိုထွက်လာခဲ့လိုက်သည်။အပြင်ကနေ ပိုင်နဲ့တွေ့ရင်ဘယ်ကနေစပြီးစကားပြောရင်ကောင်းမလဲဆိုကာ စဉ်းစားခန်းဝင်နေသလို။အထဲကလူကလည်း ခွဲစိတ်မှု့ကိုသေချာအာရုံစိုက်ပြီး အမှားအယွင်းမရှိအောင်ကြိုးစားနေသည်။
"အီး...ဟီး...အထဲမှာ ငါ့ညီမလေး အဆင်ပြေရဲ့လားမသိဘူး ...ချိုစင်ရယ် ငါ့ညီမလေးသနားပါတယ် အင့် အခုလိုဖြစ်ရတာ ငါပေါ့ဆမိလို့ပါဟာ ဟီး ရွှတ်"
"မဟုတ်တာ သီဟရယ် နိုးနိုးလေး အဆင်ပြေမှာပါ အရမ်းကြီးစိတ်မကောင်းမဖြစ်ပါနဲ့ နင်အားတင်းထားမှရမှာလေ"
YOU ARE READING
I will always be here for you.(Completed)
Romanceတစ်ခါတလေ အချစ်ကသိပ်ဆန်းကြယ်တယ် ကိုယ်မထင်မှတ်ထားတာတွေဘဲဖြစ်လာတတ်တယ်...