Part~2

3.9K 180 14
                                    

    ဒီနေ့ အမောင် အလုပ်စလုပ်မယ့်ပထမနေ့..။ဦးကောသလ၏အကူအညီဖြင့် မြေအိုးထမင်းဆိုင်လေးတွင်စားပွဲထိုးအလုပ်ရခဲ့လေသည်။မြေအိုးထမင်းဆိုင်ပိုင်ရှင် ဒေါ်မီခမ်းမှာ အမောင်နှင့်ရင်းနှီးပြီး အမောင့်ကိုသားတစ်ယောက်ပမာချစ်ခင်လှသည်။ဒေါ်မီခမ်း၏သားမှာ ငယ်စဉ်ကတည်းက သွေးကင်ဆာဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူ၏သားနှင့်ရုပ်ချင်းဆင်သော အမောင့်ကိုတွယ်တာနေခြင်းဖြစ်သည်။

     ယခုလည်း အမောင့်အကြောင်းကိုကြားပြီး ချက်ချင်းအလုပ်ပေးလိုက်သည်။

"ကဲ...ဒီနေ့ကစပြီး ကြီးကြီးဆိုင်မှာအလုပ်လုပ်တော့။ဘာမှမပူနဲ့နော် အမောင်!ကြီးကြီးတို့ရှိတယ်"

      အမောင်လိုအပ်တဲ့ နွေးထွေးကြင်နာမှုတို့ကို ဦးကောသလနှင့် ဒေါ်မီခမ်းတို့မိသားစုထံမှသာရရှိခဲ့လေသည်။

"‌တကယ် ကျေးဇူးတင်ပါတယ်ကြီးကြီးရယ်.."

     အမောင့်ဘ၀မှာသူတို့သာရှိနေလျှင်ကျန်တာဘာမှမလိုအပ်တော့ပါ။အမောင် ၀မ်းသာလွန်းသဖြင့် ငိုမိလေသည်။ကြီးကြီးမှာလည်း အမောင့်ကိုကြည့်ပြီး မျက်ရည်ကျမိလေသည်။

"မငိုပါနဲ့သားလေးရယ်...ကြီးကြီးရှိနေသရွေ့ငါ့သားလေးဘာမှမဖြစ်စေရဘူး"

"ဟီးးး ဟင့့်"

     အမောင့်ဘ၀မှာ ထိန်းချုပ်ထားရသမျှမျက်ရည်တွေကို အတားအဆီးမရှိသွန်ချလိုက်လေသည်။အမောင့်ဘ၀အတွက်အားတင်းထားရမည်သာ...။‌ကောင်းကောင်းမွန်မွန်ရှင်သန်ဖို့ အမောင်အားတင်းထားရမည်.။

~^~

       သန့်ရှင်းသပ်ရပ်ပြီးကျယ်၀န်းသောရုံးခန်းတစ်ခုအတွင်း၌ တစ်စုံတစ်ယောက်သည် ခရီးထွက်ဖို့အတွက်ပြင်ဆင်ရင်းအလုပ်ရှုပ်နေလေသည်။အနောက်တိုင်း၀တ်စုံကိုစမတ်ကျစွာ ၀တ်ဆင်ထားသောသူသည် Best Choice Tour Service Center၏Founderနှင့်CEOဖြစ်သော အဂ္ဂခွန်းပိုင်ဆိုသူဖြစ်သည်။
       
    
        Harvard Universityမှဘွဲ့ရခဲ့ပြီးမြန်မာနိုင်ငံတွင်ပြန်၍အခြေချကာ ခရီးသွားAgencyကိုဦးဆောင်နေသူဖြစ်သည်။တက္ကသိုလ်နောက်ဆုံးနှစ်တွင် မိဘများမှာကားမတော်တဆမှုဖြင့်သေဆုံးသွားခဲ့သည်။ထို့ကြောင့် မိဘများခေါင်းချရာ မြန်မာနိုင်ငံသို့ပြန်လာ၍အခြေချနေထိုင်ခြင်းဖြစ်သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now