HYUNG(8)

317 26 4
                                    

HYUNG (8)

"ဟျောင်း ဟန်းဂုပြန်ရောက်နေပီဆို ဘယ်လိုလဲ အဆင်ပြေရဲ့လား"

"အင်း မဆိုးပါဘူး မမြင်ချင်တဲ့မျက်နှာတွေမြင်ရတာကလွဲရင် အကုန်အိုခေတယ်"

လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဒယ့်ဒီကောင်းမှုအကြောင်းပြုပီး သူ့မိန်းမနဲ့သူ့မိန်းမရဲ့သားတို့ အိမ်ပေါ်ရောက်လာခဲ့ကြသည်။ ဒယ့်ဒီကိုမလွန်ဆန်နိုင်တာကတစ်ကြောင်း သူတို့မြင်တိုင်း ဒေါသထွက်ရတာကတစ်ကြောင်း တော်တော်စိတ်ရှုပ်စရာကောင်းလှပါသည်။ အထူးသဖြင့် ဟိုကောင်ကလေးပေါ့ သူ့မြင်တိုင်း စိတ်ကနောက်ကျိကျိနဲ့။

"မင်းရော ဂျပန်မှာအဆင်ပြေတယ်မလား"

"ဒီလိုပါပဲ dance studioကိုဦးစီးနေရတော့ ရည်းစားတောင်ထားချိန်မရှိပါဘူး ဟီဆွန်းဟျောင်းရယ်"

"မင်းလား ရည်းစားရမှာ ထားချင်ရင်တောင်မရဘူး"

"ဟ အထင်သေးတာလား ဟျောင်း !! နီရှီမူရာရီခီပါနော် မလိုချင်လို့ခါချနေရတာ သဘောပေါက်"

"ဟားဟား ဟုတ်ပါပီကွာ ရရင်လည်း ကိုရီးယားခေါ်လာခဲ့ပါဦး"

"ဒါပေါ့ဗျာ..."

နီခီတစ်ယောက် ကိုရီးယားမှာရည်းစားအချောအလှလေးတစ်ယောက်ရှိသည်ကို ဟီဆွန်းတစ်ယောက်တော့မသိချေ။

......

မျက်နှာမမြင်ချင်ပါဘူးဆို ဒယ့်ဒီတို့သူ့အသားအသစ်လေးကို ကျွန်တော်နဲ့မျက်နှာချင်းဆိုင်အခန်းမှာတောင်ထားပေးလိုက်သေးသည်း။ ပညာတွေလည်းမရတော့ပါဘူး ဒယ်ဒီရယ်။

"ဟျောင်း ~"

သူ့ဘက်ကသာချေမိုးနေရတာ ဟိုကောင်လေးကတော့မနက်လင်းလို့ ဟျောင်းလို့မခေါ်ရရင်ကို ရင်ကျပ်နေတာထင်ပါတယ်။ အမြင်ကပ်ပါတယ်ဆိုနေမှကွာ။ အော်ဟော....ပါချိုင့်ခွက်ဝင်နေအောင်ပြုံးပြနေပြန်ပီ။ မကြိုက်ဘူး ။ မပြုံးနဲ့။

"ဘာလဲ"

ထုံးစံအတိုင်း လေသံမာမာနဲ့ပြန်ဖြေရတာပေါ့။
အမြင်ကပ်တာကိုးး။

"ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လားဟင် "

"အိပ်မပျော်တော့ မင်းကပြန်ချော့သိပ်မလို့လား"

You've reached the end of published parts.

⏰ Last updated: May 17, 2022 ⏰

Add this story to your Library to get notified about new parts!

HYUNGWhere stories live. Discover now